သခင်ကြီးရဲ့ ငွေနတ်သမီး Part 3

3K 77 0
                                    

           မိုးချုပ်နေပီဖြစ်၍ တိမ်လွှာဆေးခန်းရှေ့ သံတံခါးကိုဆွဲပိတ်စဥ်

"တိမ်."

"‌ဟော..ဆရာပြန်ရောက်ပီလား တိမ်လဲ ဆိုင်ပိတ်ပီးပြန်တော့မလို့"

တိမ်လွှာချိုသာတဲ့အပြုံးနဲ့ ပြုံးလိုက်ပီး ဆိုင်တံခါးသော့အပီးခတ်လိုက်တယ်

"ရော့.....တိမ်အတွက်"

"ဟ ဒါတိမ်လိုချင်တဲ့စာအုပ်တွေပဲ ဆရာဘယ်ဆိုင်ကနေဝယ်လာတာလဲ အရင်နေ့က တိမ်ဒီနားစာအုပ်ဆိုင်တွေမှာလိုက်ကြည့် သေးတယ် မရှိတော့ဘူးတဲ့"

"အော်...ဟို ဒီနေ့ ကိုယ့်မိတ်ဆွေတစ်ယောက်အိမ် သွားရင်းနဲ့ အပြန်လမ်းကြုံလို့ ဝင်ဝယ်ပေးတာ"

တကယ်တမ်း အဲ့ဒီစာအုပ်တွေက တိမ်လိုချင်မှန်းသိလို့ သူတကူးတကလိုက်ဝယ်ထားတာဖြစ်သည်

အလွန်အားနာတတ်တဲ့သူမက အမှန်ပြောလိုက်ရင် ဒီစာအုပ်တွေကိုလက်ခံမှာမဟုတ်ဘူး

စာအုပ်တွေကိုကြည့်ပီး တိမ်ပျော်သွားသည်

"ဒီစာအုပ်ဖိုးတွေကို ဆရာ တိမ့်လစာထဲကနေ နှုတ်လိုက်လို့ရတယ်နော် ဝယ်လာပေးတဲ့အတွက် ကျေးဇူးတင်လိုက်တာ"

"ဟားး တိမ်ရာ မလိုပါဘူး သူများစေတနာကိုနော်"

ဒေါက်တာသက်နိုင်က မကျေနပ်တဲ့ဟန်ပြတော့

"တိမ်ဆရာ့ကိုအားနာတာပေါ့ တိမ့်အပေါ်ကူညီပေးခဲ့တာတွေများလွန်းလို့ ဘလိုပြန်ဆပ်ရမှန်းတောင်မသိဘူး"

ပြုံးနေရင်းကနေ တိမ်မျက်နှာအနည်းငယ်ငြိုးကျသွားသည်

"ပြန်ဆပ်ချင်ရင် အလုပ်ကြိုးစား ကျန်းမာရေးဂရုစိုက် ကိုယ့်ဆေးခန်းမှာ အလုပ်ကြာကြာလုပ် ကြားလာ အဲ့တာလဲကိုယ်တွက်ကျေးဇူးဆပ်တာပဲ တခြားဘာမှမလိုဘူး ဟုတ်ပီးလာ"

ဆရာ တိမ့်ခေါင်းကိုတစ်ချက်ပုတ်ပီး နွေးထွေးစွာပြုံးပေးသည်

အဲ့ဒီနွေးထွေးတဲ့အပြုံးရဲ့အောက်မှာ ချိုမြိန်တဲ့အကြည့်တစ်ခုနဲ့ဖုံးကွယ်နေတယ်ဆိုတာ တိမ်လွှာသတိမပြုမိ........

တိမ်လွှာအတွက် ဆရာက မိဘသဖွယ်လေးစားကြည်ညိုရတဲ့ ပုဂ္ဂုလ်တစ်ဦးဖြစ်တယ်

👑သခင်ကြီးရဲ့ ငွေနတ်သမီး👑Where stories live. Discover now