𝗟𝗼𝘀𝗲 𝗧𝗼 𝗙𝘂𝗰𝗸𝗶𝗻𝗴 𝗟𝗼𝘃𝗲 𝗠𝗲 // 𝗣𝗿𝗼𝗹𝗼𝗴𝘂𝗲 ❮𝗨𝗻𝗶❯

808 85 10
                                    

"နောက်အပတ်ကျရင် ကျောင်းဆင်းပွဲရှိတယ်"

အဖြူရောင် ကြွေလှေကားထက် သူ့နှလုံးအား ချေနင်းလေ့ရှိသော ခြေဖျားတို့ဟာ ရပ်တန့်ခဲ့တယ်။

"လာပေးမယ်မလား...?"

တောင်းဆိုသည်ထက် မာနအကုန် ခဝါချကာ အသနားခံ နေသလိုမျိုး။

တုံ့ပြန်သံ ကင်းမဲ့စွာ ခြေလှမ်းတို့အား ပြန်စတင်တော့ အနည်းဆုံးတော့ သာမန်လို မခနဲ့သွားသည်မို့ Jaeyun ရဲ့ နှုတ်ခမ်းတို့ထပ် အပြုံးရေးရေးက သေးငယ်စွာ ကျန်နေခဲ့ရဲ့။

သို့သော်လည်း...။

"မင်းလူ မလာတော့ဘူးမလား?"

စူးရှသော မျက်လုံးတို့က သာမန်ထက် ပိုကာ စူးရဲနေသည်။

ထိုသည်ကား မြင်တော့ ဒေါသတွေက ထိုမျက်၀န်းများမှ သူ့သို့ပါ ကပ်ပါလာသလို ဟက်ခနဲ ရယ်သံတစ်ချက်က ပတ်၀န်းကျင်ထက် နာနာကျည်းကျည်း။

လှည့်ကွက်တွေကြား ခြေချုပ်မိခဲ့တဲ့ တစ်ဖက်လူဟာ ဒီအိမ်ထောင်ရေးကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး။

သူ့မေတ္တာတွေကို ဥပေက္ခာပြုတဲ့အပြင် စာချုပ်တစ်ခုနဲ့ ဆက်သွယ်ထားတဲ့ တစ်ဖက်ကမ်းက သူ့ကိုလည်း မလေးစားခဲ့ဘူး။

ဒါပေမဲ့ ထိုလူ မေ့နေတာက သူက Sim Jaeyun ။

လူတစ်ယောက်လုံးကိုတောင် အပိုင်ယူပြီးပြီကို နှလုံးသားလောက် ခိုးယူတာက Jaeyun အတွက် သိပ်ခက်ခဲတဲ့ အရာ မဟုတ်ပါဘူး။

စင်စစ်အားဖြင့်တော့ လူသားတွေက တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရမှ ထိုအရာရဲ့ တန်ဖိုးကို နားလည်ကြတယ်။

ဒါကြောင့် သူ့ကို ချစ်တတ်လာဖို့ တစ်ဖက်လူကို Jaeyun စွန့်ပစ်ပေးမယ်။

သူမရှိတဲ့ တစ်ခဏအတွင်း နှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံးက တဆစ်ဆစ် နာကျင်ကိုက်ခဲလာတဲ့ အထိ နောင်တရရင်း အဆုတ်က ရပ်တန့်ပေးဖို့ တောင်းပန်ရတဲ့ အထိ ငိုကြွေးရင်း တစ်ဖက်လူက သူမှသူ ရူးခါနေအောင် စွဲလမ်းစေဖို့ရာ Jaeyun မှာ အောက်လမ်းမနွယ်တဲ့ မှော်ဆေးရည် တစ်ခွက်ရှိတယ်။

"Darling ကျွန်တော့်ကို မချစ်ဘူးလား? okay လေ... ရတယ်... ချစ်တတ်လာအောင် တစ်ခါလောက် ဆုံးရှုံးခံကြည့်လိုက်..."

.........................................

ရေခဲမင်းသား အကြောတင်းလေးကတော့ အကုန်ပြီးမှ တင်ပေးပါတော့မယ်နော် ㅠㅠ♡

𝗟𝗼𝘀𝗲 𝗧𝗼 𝗙𝘂𝗰𝗸𝗶𝗻𝗴 𝗟𝗼𝘃𝗲 𝗠𝗲  ▍𝗦𝘂𝗻𝗴𝗝𝗮𝗸𝗲Where stories live. Discover now