(1.1)

5.4K 183 0
                                    

[Unicode]မင်္ဂလာဆောင်ခန်းမနောက်တွင်ရှင်းလီရွှမ်သန့်စင်ခန်းသို့သွားနေကြောင်းယွီအန်ထုန်သတိပြုမိလိုက်တယ်။ပြီးတော့သူဆီးသွားချင်ခဲ့သောကြောင့်နောက်ကလိုက်ခဲ့တယ်။
ယွီအန်ထုန် ရှင်းလီရွှမ်ဘေး၌ မတ်တပ်ရပ်လိုက်ပြီးဇစ်ဆွဲဖွင့်လိုက်တယ်။ရှင်းလီရွှမ်နံဘေးမှ ကြွေနံရံအားရေထိခတ်သံကျယ်လောင်စွာကြားနေရတယ်။ယွီအန်ထုန်ကူကယ်ရာမဲ့စွာသူ့ကိုတစ်ချက်လှမ်းကြည့်ချင်လာတယ်။
သူ့ဘေးမှာရပ်နေသူကတော့စာအုပ်ထအမျိုးသားဇာတ်လိုက်ပဲဖြစ်တယ်၊ပြီးတော့၎ကိုယောကျာ်းတွေထဲကယောကျာ်းလို့လည်းပြောနိုင်တယ်။
ယွီအန်ထုန်လျင်မြန်စွာအကြည့်တစ်ချက်ပြုလိုက်တယ်။
အံ့အားသင့်သွားခြင်းကြောင့်သူအသက်တဈချက်ရှိုက်လိုက်ပြီးအာမေဍိတ်သံပြုလိုက်တယ်
"ဒါကအရမ်းကြီးတယ်"
ထို့နောက်သူ့ကိုယ်သူအောက်ငုံ့ကြည့်လိုက်တယ်။
ဟေး  သူတို့အကုန်လုံးယောကျာ်းတွေပါပဲ၊ ဘာလို့အချင်းချင်းဒီလောက်ကွာဟချက်များနေတာလဲ။
"အရှက်မရှိဘူး"  ရှင်းလီရွှမ်မျက်မှောင်ကြုတ်လိုက်ပြီးယွီအန်ထုန်ကိုမနှစ်မြို့ဖွယ်စူးစူးဝါးဝါးစိုက်ကြည့်လိုက်တယ်။
စီးပွားရေးလုပ်ငန်းတွေရဲ့ကြမ်းတမ်းတဲ့သဘာဝအရ သူကိုယ်သူတည်ငြိမ်မြဲမြံအောင်လုပ်နိုင်တဲ့ယောကျာ်းတစ်ယောက်ကသာမသိုင်းအဝိုင်းကလူအားလုံးကိုသူ့ခြေဖျားမှာထိတ်လန့်နေအောင်စွမ်းဆောင်နိုင်တယ်။
"ဘာမှားလို့ကြည့်နေတာလဲ" ရေစီးဆင်းပြီးနောက်မှာတော့ ယွီအန်ထုန် ရှင်းလီရွှမ်နားကပ်သွားပြီး တမင်တကာ ပြောလိုက်တယ်
"ငါဒါကိုကြည့်ရုံတင်မကဘူးအသုံးလည်းပြုတယ်"
" မင်း.....ရူးနေတာပဲ" ရှင်းလီရွှမ်ရဲ့နဖူးကဒေါသကြောင့်တွန့်သွားတယ်၊ရောဂါပိုးမွှားကိုရှောင်တိမ်းသကဲ့သို့ချက်ချင်းသူ့ကိုယ်သူ သူနှင့်အဝေးသို့ခြေလှမ်းရွေ့လိုက်တယ်။
ရှင်းလီရွှမ်ရဲ့စိတ်မရှည်ခြင်းနှင့်ဆန့်ကျင်ဖက် ယွီအန်ထုန်ကတော့ပျော်
ရွှင်စွာ သီချင်းလေးညည်းရင်းခန်းမဘက်ကိုပြန်ခဲ့တယ်။
ဘယ်သူစဉ်းစားမိမှာလဲ သူယာဉ်မတော်တဆမှုဖြစ်ပြီး မျက်စိဖွင့်လိုက်တာနဲ့ စာအုပ်ထဲရောက်သွားမယ်ဆိုတာ။
ယာဉ်မတော်တဆဖြစ်ချိန်၌ ယွီအန်ထုန် နာမကျန်းကလေးတစ်ယောက်အနေဖြင့် အသက်ရှင်နိုင်လောက်ဟု အသေအချာစဉ်းစားမိခဲ့တယ်၊သူသတိရှိချိန်နောက်ဆုံးစက္ကန့်တွင်အနှစ်နှစ်ဆယ်နေမကောင်းခြင်းကိုသာလျှင်မုန်းတီးမိတယ်။
ဒါကသူမသေချင်သေးတာကြောင့်လည်းဖြစ်နိုင်ပါတယ်။သူဘယ်လောက်ကြာအောင်သတိမေ့နေမှန်းသူကိုယ်တိုင်တောင်မသိတော့ဘူး။

လက်ထပ်ပြီးနောက်နေ့တိုင်းဟာမွှေးပျံ့နေတယ် ( Mm translation)Where stories live. Discover now