ep_1 un&zg

5.1K 60 1
                                    

စာရေးသူ၏ အမှာစာ

"မင်းတစ်ယောက်ထဲသာ ကိုယ့်အပိုင်" ကို စာရေးသူ၏စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်သည်။ ဇာတ်လမ်းဇာတ်ကွက်များဇာတ်ဆောင်များ တခြားသော စာရေးသူတို့၏ ရေးသားထားသော စာများနှင့် တူညီနေပါက ဤစားရေးသူကို တိုက်ရိုက်လာပြောနိုင်ပါသည်။ အခုမှ စရေးသားထားခြင်းမို့ အမှားနည်းအောင်ရေးသားသော Ficဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်

___________________________________

အပိုင်း(1)

"မမလေး..."

"အွန်းးးး"

"မမလေး ထတော့ ဒီနေ့ မမလေး မွေးနေ့လေး"

"အား ဟုတ်သားဘဲ ဟီးဟီး ညကဂိမ်းဆော့တာနည်းနည်းများသွားလို့ မွေးနေ့ကိုမေ့သွားတာ"

"မေမေကြီး သိရင်ဆူခံထိအုန်းမယ် ညက မမလေး ဂိမ်းဆော့ရင်း တချက်ချက် အော်သံကကျယ်တတ်လာတယ် မိပုပါလန့်တယ် မေမေကြီးကဆေးသောက်အိပ်လို့သာပေ့ါ မဟုတ်ရင် မမလေး ဂိမ်းဆက်မဆော့ရဘဲနေမယ်"

"ဟွန့် ကျောင်းပိတ်တုန်းလေး နှောင်း ဆော့တာပါနော် နောက်ပတ်ဆိုကျောင်းဖွင့်ပြီး တက္ကသိုလ်ကျောင်းသူဘ၀ရောက်ရင် အရင်ကလိုဆော့ခွင့်ရပါ့အုန်းမလာလို့"

"ကဲပါ ထတော့နော် မမလေး ရေမိုးချိုးပြီး အောက်ဆင်းခဲ့ မေမေကြီးက ဘုရား၀တ်ပြုနေပြီး"

"အားး မိပုရယ် မမလေး မမလေးနဲ့ နှောင်း ဒါမှမဟုတ် ငယ်လေး လို့ခေါ်ပါလား မေကြီးကိုကျ မေမေကြီးလ်ို့ ခေါ်ပြီးတော့ မသိရင် နှောင်း က မိပုထက်အသက်ကြီးဒါမို့လားခွဲခြားခွဲခြားနဲ့အခုမှ 20လေးပြည့်တာကို ဟွန့်''

"ဟုတ်ကဲ့ပါရှင် မမလေး အဲ့ အခုမှအသက် 20ပြည့် နှောင်းလေးကို 22ရှ်ိပြီးဖြစ်တဲ့‌ မိပုက...."

"မိပု နော်...."

"ပိုလှလှလေးပြင်ဆင်ခဲ့နော် မမလေး အဲ့ နှောင်းလေး "

"အင်း ပါ သွားတော့"

ဒါကတော့‌ေနှာင်းရဲ့ ထုံးစံအတိုင်း တမနက်စာရစ်တာလေး နာမည်မှာကိုက နှောင်းရစ်ငယ်လေး နည်းနည်းမှ မရစ်ရရင်မနေနိုင်ဘူး။

မင်းတစ်ယောက်ထဲသာ ကိုယ့်အပိုင် <မင်းတစ်ယောက်ထဲသာ ကိုယ့်အပိုင်>Where stories live. Discover now