part 11

3.6K 352 39
                                    

​​ယောတို့​ရောက်​တော့ ဘယ်အချိန်ကတည်းက​ရောက်​နေကြမှန်းမသိ​ပေမဲ့ အားလုံးလူစုံ​နေပြီဖြစ်သည်။​ ​နောင်နှင့်အတူ​ယောလည်း ​​ဒေါ်​ဒေါ့်ကိုနှုတ်ဆက်ရန်အတွက်အိမ်ထဲသို့ဝင်လာလိုက်​လေသည်။

​နေစိုးမာမီညွှန်ပြရာ​နေရာကိုကြည့်လိုက်​တော့ ဆံပင်ရှည်​တွေကိုဖြန့်ချထားသည့်နသံအား​တွေ့လိုက်ရသည်။နသံ သိပ်ကိုလှ​နေ​ပေ၏။တစ်ခါမှမမြင်​တွေ့ဖူးသည့် နသံပုံစံအား ပထမဆုံးမြင်​တွေ့ရသူက ​နောင်ဆိုတာ​တွေးမိပြန်​တော့တင်းကြပ်လာ​သောနှလုံးသားတစ်စုံသည်နာကျင်ရပြန်သည်။

"သား အဆင်​ပြေရဲ့လား"

ရင်ဘတ်အားဖိ၍ခုံ​ပေါ်တွင်ထိုင်ချလိုက်​သော​သူ့အား​မာမီကကြင်နာစွာ​​မေးလာ​လေသည်။

"အဆင်​ပြေပါတယ် မာမီ"

"ပင်ပန်းတယ်မဟုတ်လားသား"
မာမီ့​မေးခွန်းအား​ ​နေစိုးပြန်မ​ဖြေ မိ​ပေ။

"အရမ်းပင်ပန်း​နေရင်လွှတ်ချလိုက်ပါ့လားသားရယ် ​မာမီ့သား​လေးခံစား​နေရတာမာမီမကြည့်ရက်ဘူး"

"​တောင်းပန်ပါတယ်မာမီရယ်"

​နေစိုး ​ခေါင်းငုံ့ရင်းသာမာမီ့အားတောင်းပန်မိ​လေသည်။​နေစိုး နသံ့အားကြိုက်​နေသည်ကိုမာမီသိ​နေသည်။သိ​နေရသည့်အ​ကြောင်းအရင်းမှာလဲ​နေစိုးကိုယ်တိုင်​ပြောပြထားခြင်း​ကြောင့်ပင်။​နေစိုး ​ပြောပြသည့်​နေ့က မာမီဟာဝမ်းနည်းကာငိုခဲ့​လေသည်။သို့​သော် သူ့ဖြစ်တည်မှုအား နားလည်​ပေးခဲ့သလို သူချစ်သည့်နသံ့ကိုလည်းချစ်​ပေးခဲ့သည်။သူ့သားမပိုင်ဆိုင်နိုင်မှန်းသိ​နေ​ပေမဲ့လို့​​ပေါ့။

"​ဒေါ်​​ဒေါ် သားတို့​ရောက်ပြီ"

ခုံတွင်ဝင်ထိုင်းရင်း​နောင်က​​ပြောလိုက်​လေသည်။

"လာလာ​နောင်​လေးတို့ ကြည့်ပါအုံး​ယော​လေးကလှ​နေလိုက်တာများအားလုံးအကြည့်​​တွေကိုဖမ်းယူထားတာပဲ"

​ဒေါ်​ဒေါ်​ပြောလိုက်မှ​ယောပတ်ဝန်းကျင်အားသတိထားမိ​လေသည်။မိမိထံသို့ သိသိသာသာ​ရောမသိမသာပါကျ​ရောက်​နေသည့်မျက်လုံးများ​ကြောင့် ​ယောနေရခက်လာ​လေသည်။ဤသည်ကိုရိပ်မိ​သော ​နောင်က​ယောအားအာရုံလွှဲရန်အတွက် သူ့အ​ပေါ်ဝတ်မိုးပြာ​ရောင်လက်ရှည်​လေးအားကြယ်သီးတတ်ရန်ထိုး​ပေးလာ​လေသည်။

မ​​မွှေး​သော်လည်း နမ်းထိုက်၏Where stories live. Discover now