Part-24

1K 52 2
                                    

                     လွန်း ဆေးရုံမှဆင်းလာပြီးနှစ်ပတ်မျှကြာသောအခါ ကြီးကြီးမီခမ်း၏ခွင့်ပြုချက်ဖြင့် လွန်းအားရန်ကုန်သို့ခေါ်လာခဲ့သည်။မှတ်ဉာဏ်များကိုပြန်မရသေးသော်လည်း အရင်ကလောက် သူ့အားစိမ်းစိမ်းကားကားမဆက်ဆံတော့ပေ။ပြောင်းလဲလာသည်က ထိုကောင်လေးသည် ဂျီကျတတ်လာပြီးအလှကြိုက်လာခြင်းပင်။

     
                

             အကြီးမားဆုံးပြောင်းလဲမှုတစ်ခုရှိပါသေးသည်။ထိုကောင်လေးသည် သူလိုချင်တာတစ်ခုခုရှိလာတိုင်း"ကိုကို"ဟုခေါ်ကာ ချွဲတတ်လာခြင်းပင်။ထို့ပြင် တစ်ခါတလေ သူ့ကိုယ်သူ လွန်း သို့မဟုတ် လွန်းလွန်းငယ်ဟုပြောတတ်လာသည်။အရင်ကလို ခပ်အေးအေးကောင်ငယ်လေးမဟုတ်တော့ပေ။တဖြည်းဖြည်း ပို၍ကလေးဆန်လာသည်။

                   အဂ္ဂ၏companyပိတ်ရက်များတွင်  သူမရောက်ဖူးသည့်နေရာအစုံလိုက်ပို့ရသည်။ဖုန်းထဲကတက်လာသမျှအစားအစာမှန်သမျှ သူ့အားအကုန်လိုက်ကျွေးရသည်။လိုက်မကျွေးလျှင် အဂ္ဂ၏အကျီစအားဆွဲကာ "ကိုကို မုန့်လိုက်၀ယ်ကျွေး"ဟုဆိုကာ မကျွေးမချင်းဂျီကျနေတတ်သည်။

                   ထိုနည်းလမ်းမှမရလျှင် "ကိုကိုခွန်း အာဘွား မွ"ဟုဆိုကာ အဂ္ဂ၏ပါးအား အသံထွက်အောင်နမ်းပြီး ချွဲသည်။အဂ္ဂကလည်း ဘယ်လောက်ပဲမအားဘူးဆိုနေပါစေ နောက်ဆုံးတွင် သဘောတကျရယ်ကာ သွားဖြဲပြီးလိုက်ပို့ရသည်သာဖြစ်သည်။

"ကိုကို ရှမ်းခေါက်ဆွဲစားချင်တယ် လိုက်၀ယ်ကျွေးပါဆို"

                  ညနေငါးနာရီခန့်တွင် လွန်းတစ်ယောက် ပုဂံတွင်၀ယ်ထားသည့်ခြံတွင် ဟိုတယ်ဆောက်ရန်ဒီဇိုင်းဆွဲနေသော အဂ္ဂ၏အကျီစအားဆွဲကာ ဂျီကျနေခြင်းဖြစ်သည်။တစ်နေကုန်companyတွင်သာ အလုပ်လုပ်နေရသော အဂ္ဂသည် ညနေလေးနာရီမှသာ အိမ်ကိုပြန်လာရသည်။ဒီဇိုင်းဆွဲနေရင်း သူ့အကျီအားဆွဲကာဂျီကျနေသော ကောင်ငယ်လေးအား တစ်ချက်ကြည့်လိုက်ပြီး.....

"ကျစ်! ခဏလေးပါ လွန်းငယ်လေးရယ်။ကိုယ် ဒီမှာဒီဇိုင်းဆွဲနေတယ်လေကွာ"

                   သူပြောလိုက်သောလေသံသည် အနည်းငယ်မာသွားပုံပင်။သူ့အကျီစကိုဆွဲထားသောကောင်လေးသည်  အကျီစကိုလွှတ်ကာ မျက်၀န်းဝိုင်းကြီးများဖြင့်မော့ကြည့်လာ၏။သူအံ့ဩတကြီးကြည့်နေစဉ် ကောင်လေး၏မျက်၀န်းအိမ်ထဲတွင် မျက်ရည်ဥများရစ်ဝိုင်းလာပြီး အိခနဲငိုချတော့သည်။မျက်ရည်တစ်ပေါက်ကပင် သူ့အားနာကျင်စေသည်မှာအမှန်ပင်။မျက်ရည်ဥကြီးများတစ်လုံးပြီးတစ်လုံးကျဆင်းလာသောအခါ သူ့မှာ ခြေမကိုင်မိလက်မကိုင်မိ ပြာပြာသလဲချော့ရတော့သည်။

ချစ်ခြင်းတည်စေWhere stories live. Discover now