part(14)

575 71 4
                                    

"ဒီမြေပုံအသစ်တွေက ဘာလုပ်တာပါလဲ"

"ကိုယ်တော့်ရဲ့ကျေးဇူးရှင်တွေဖြစ်နေလို့ မိသားစုစာရင်းသွင်းတဲ့အနေနဲ့ မြုပ်နှံထားတာ ဘာပြဿနာများရှိလို့လဲ"

"အရှင်တကယ်ကိုလုပ်ချင်တိုင်းတွေ လုပ်နေတာပါလား အနည်းဆုံးတော့ မယ်တော်နဲ့တိုင်ပင်ပါဦးလား"

"တိုင်ပင်တော့ဘာထူးမှာလဲ"

"အား!!! "

အခြေအတင်စကားများမဲ့ အခြေအနေမှာ သူတို့နားထဲကြားရတဲ့ အော်သံတစ်ခု
အသံကြားကြားချင်း အရှင်ဟာ ကိုယ်လုပ်တော်ကို လိုက်ရှာနေခဲ့တယ်

မတွေ့တာကြောင့် အသံကြားရာနေရာကို အပြေးတပိုင်းနဲ့ သွားကြည့်လေသည်

ချောက်ကမ်းပါးကကြင်ယာတော် နှစ်ယောက်ဟာ ရှုပ်ပွပေကျံနေတဲ့အဝတ်အစားပုံစံနဲ့ ချောက်ထဲကိုငုံ့ကြည့်နေခဲ့တယ်
အရှင်ကကြင်ယာတော် နှစ်ယောက်ကိုတွန်းဖယ်ကာ ချောက်ထဲကိုလွှားခနဲ ခုံဆင်းသွားလေသည်

ခွေခွေလေးလဲနေတဲ့ ကိုယ်လုပ်တော်ကို ပြေးပွေ့လို့
တယုတယနဲ့ ပြာပြာသလဲဂရုစိုက်နေမိတယ်

"ဘယ်သူလုပ်တာလဲ"

ချောက်ကမ်းပါးထိပ်ကို မော့ကြည့်တော့ ထိုကြင်ယာတော်နှစ်ယောက်ဟာ ရှိမနေတော့
ကြည့်ရတာ မိဖုရားကြီးကပြန်လွှတ်လိုက်သည့်ပုံစံပင်

မျက်ဝန်းမိုးကြိုးပစ်ခံရမည့် အကြည့်တွေကိုသိတဲ့ မိဖုရားကြီးဟာ ချက်ချင်းပင်ဝေါယာဉ်တော် ခေါ်လိုက်ပြီး နန်းတော်ကိုပြန်ပို့လိုက်လေသည်
အရှင်နဲ့ကိုယ်လုပ်တော်ဟာ ဝေါယာဉ်တစ်စီးတည်း

အဆောင်တော်ပြန်ရောက်လို့ သမားတော်ပင့်ကာ ဆေးကုသမှုခံယူတော့ ထိုသမားတော်က ရုတ်တရက်လန့်သွားတဲ့ အခြေအနေတစ်ခုဟုကြောင့် ပြောခဲ့ပြီးဆေးကြိုခိုင်းလိုက်တယ်

ညနေပိုင်း ကိုယ်လုပ်တော် နိုးလာတော့ အရှင်ဟာရေတိုက်ပြီး ဆေးတချို့ပါတိုက်ကာ ဘာမှမပြော

အရင်တုန်းက နိုးလာတာနဲ့ ပြာပြာသလဲ ဘာဖြစ်လဲ မေးတတ်သူကအခုလို တိတ်ဆိတ်တော့သူ မနေတတ်တော့ဘူး

𝐊𝐢𝐧𝐠 𝐨𝐟  𝐋𝐎𝐕𝐄Where stories live. Discover now