𝙼𝚊𝚔𝚎 𝚈𝚘𝚞 𝙼𝚒𝚗𝚎-8:𝙻𝚎𝚊𝚟𝚎 𝙼𝚎 𝙰𝚕𝚘𝚗𝚎

66 8 0
                                    

[ကျွန်တော် တစ်ယောက်တည်းနေပါရစေ]

စိတ်ပျက်စရာရက်တွေက ကျွန်တော့်ကို လွှမ်းမိုးလာတာ ကျွန်တော်သတိမမူမိခဲ့ဘူး။

"ဟေး..Mr.Mi..."

-တံခါးကို ခေါက်မည်အပြု ပြတင်းပေါက်မှ အိမ်ထိရှိ ခင်ဗျားကိုတွေ့သည်နှင့် လှမ်းခေါ်လိုက်သည်။ ခင်ဗျားဘေးက အမျိုးသမီးကိုတော့ ဂရုမမူမိ။

-သို့ပေမယ့် ခင်ဗျားအပြုအမူကြောင့်  အမည်နာမကို အဆုံးထိမခေါ်လိုက်ရ။

-ခင်ဗျားကလေ..ခင်ဗျားက ထိုအမျိုးသမီးကို နမ်းရှိုက်နေတာများ။

-ကျွန်တော် ကမ္ဘာငယ်ဟာ ပြိုလဲပါရောလား ခင်ဗျားရယ်...

__

*knock knock*

-တံခါးခေါက်သံက တစ်အိမ်လုံးဆူညံနေတော့သည်။

-အိမ်တွင်းအောင်းနေတာ ဘယ်နှရက်ရှိပြီလဲ။

"မင်းရှိတာ ကျုပ်သိတယ်နော် ပေါက်စ"

-ခင်ဗျား အော်ကြီးဟစ်ကျယ်နှင့် မရှက်ဘူးလား။

-ပေါက်စတဲ့ဗျာ..ခင်ဗျားမို့လို့ ထပ်ခေါ်နိုင်သေးတယ်။

-Min YoonGiခင်ဗျားဘယ်လိုလူလဲ။ တစ်လျှောက်လုံး ကျွန်တော်ထင်လာတာကလေ ခင်ဗျား ကျွန်တော့်ဘက် စိတ်ယိုင်နေခဲ့ပြီလို့လေ။

"ဂျီမင်..ထွက်လာခဲ့ကွာ"

"ဘာလဲ.."

"ကျူပ်ခေါ်နေတာကြာပြီမဟုတ်လား"

"ဘာဖြစ်လို့လဲ"

"အပြင်လိုက်ခဲ့ချင်လား"

"ကျွန်တော်တို့ ထပ်မတွေ့ကြတာကောင်းမယ်"

"လိုက်ခဲ့ပါကွာ.."

-ခင်ဗျားကလေ အသနားခံတဲ့ ရုပ်ကလေးနဲ့။ ဘယ်လိုလုပ်ငြင်းဆန်ရက်မှာလဲ။

"ကျွန်တော်တစ်ယောက်တည်းနေပါရစေ ကျေးဇူးပြုပြီး..နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

-ဘယ်လိုစိတ်နဲ့ လိုက်နိုင်ရမလဲ၊ ဟိုအမျိုးသမီးသာ ခင်ဗျား ဒီလိုလုပ်နေတာသိသွားရင်..အို..Min YoonGiရေ ကျွန်တော်ပြိုလဲပါရစေဦး။

"မင်း စိတ်ပြောင်းတဲ့အထိစောင့်နေမယ်"

"ခင်ဗျား အတင့်ရဲတယ်နော်"

-နောက်ဆုံး ဒေါသနှင့်ဝမ်းနည်းမှုရောပြွမ်းကာ ကျွန်တော်တို့ ခင်မင်မှုပျက်မည့်စကားတွေထွက်ကျလာတော့မည်၊ ဒီလောက်နဲ့ပဲ ရပ်ကြတာပေါ့။

"ကျုပ် မင်းကို စောင့်နေမှာ"

-ခင်ဗျားရဲ့ အပြောကို ကျွန်တော်ဘာမှမတုံ့ပြန်တော့ဘူး၊ ခင်ဗျားဘာပဲဖြစ်ဖြစ် သောက်ဂရုမစိုက်တော့ဘူးဗျာ။

-စီးကရက်အငွေ့တွေက အိမ်ထဲကို တစ်စတစ်စနဲ့ တိုးဝင်လာတာ ကျွန်တော်မြင်ရသားပဲ။

-ခင်ဗျားအပြင်မှာရှိသေးတယ်၊ စီးကရက်ခဲ‌နေတုန်းဆိုတာလည်း သိတယ်။

-ခင်ဗျားကို သောက်ဂရုစိုက်နေတုန်းပဲ။

"Mr.Min...ကျွန်တော်တို့ ပတ်သတ်မှုကို နောက်မှ သေချာ ဆွေးနွေးကြတာပေါ့၊ အိမ်ပြန်ပါတော့ ခင်ဗျားရယ်"

-စီးကရက်ငွေ့တွေနှင့် အိမ်တံခါးရှေ့က အပူဓါတ်လေးက ပျောက်သွားချေပြီ။

[24.4April.2023]

𝙳𝚘𝚞𝚋𝚕𝚎 𝙼𝚒𝚗 [𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬]Where stories live. Discover now