Volume - 1 《အခန်း - ၁||နတ်ဆိုးနဂါး ​ရေကန်|| 》

242 11 5
                                        

Uni-version
translator-@kissmarry-Luzu.

အခန်း - ၁

|| နတ်ဆိုးနဂါး ​ရေကန် ||

​မွှေးရနံ့သင်းပျံ​နေတဲ့ ​လေညင်း​လေး ။ နတ်သမီး
​တွေရဲ့ တူရိယာ​တေးသံ​တွေနဲ့ လှပတဲ့ ခရမ်း​ရောင်
နှင့် ​တောက်ပ​နေတဲ့ အနီ​ရောင်ပန်းပွင့်​တွေနှင့်အတူ
နတ်ဘုရား​တွေ ရဲ့ ရယ်​မောသံ​တွေဟာလည်း ​ရော​ထွေး​နေ​လေသည် ။

အ​တွင်းတစ်​နေရာက​နေ ပုံရိပ်တစ်ခုက ထွက်​ပေါ်
လာသည် ။ ခါးပတ်နှင့် ချည်ထိုးထားတဲ့ ဘရိုကိတ်
ဝတ်စုံက ခမ်းနားထည်ဝါလှပြီး သူ့ ပတ်ဝန်းကျင်မှာ
ရှိ​နေတဲ့ အရာအားလုံးက သူ့ အတွက် တည်ရှိ​နေ
သလိုမျိုး သန့်ရှင်းမြင့်မြတ်ကာ ထည်ဝါလှသည် ။

" ရှန်းကျွင်း , ရှန်းကျွင်း "

အနည်းငယ်သာ ​ဝေးကွာတဲ့ ​နေရာက​နေ စိုးရိမ်
တကြီးဖြစ်​နေရှာသည့် အသံ​လေး တစ်သံက ထွက်
​ပေါ်လာခဲ့တယ် ။

ရယ်သံ​မောသံကြားထဲမှာ သူ သတိထားမိလိုက်
တာ​ကြောင့် လက်ကို​ဝှေ့ယမ်းလိုက်သည်နှင့်
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား​တော့
သည် ။

" ဘာဖြစ်လို့လဲ ? " နူးညံ့တဲ့ အသံနဲ့ ​မေးလာ
ခဲ့တယ် ။

" ကျွန်မ.... ကျွန်မ အရှင့် ရဲ့ ဧကရီ ဖြစ်
လာလို့ရမလား ? " သူမ က ရှက်ရွံ့ခြင်းနှင့်
​မျှော်လင့်ချက်​လေးပါတဲ့ အ​မေးအား ​​မေးလိုက်
သည် ။

ရယ်​မောသံ​တွေက ​ပေါက်ကွဲထွက်လာ​တော့သည် ။

" ဘာကို ရယ်တာလဲ ? ၊ ကျွန်မက ရှန်းကျွင်း
ကို သ​ဘောကျလို့ သူ့ ရဲ့ ဧကရီ ဖြစ်ချင်တယ်လို့​ပြော
တာ​လေ " - လို့ သူမက ရှက်ရွံ့ခြင်းတစ်ဝက်
ဖြင့် ပြန်​ပြောတယ် ။

" ဒါဆို နတ်သမီး တစ်ပါးဖြစ်လာ​အောင်
ကျင့်ကြံ​ချေ " သူက ပြုံးပြုံး​လေးနှင့်သာ
​ပြောလိုက်သည် ။

.....

မျက်​တောင်တစ်ခတ်မှာပဲ ရှုခင်းမြင်ကွင်း​တွေဟာ
​ပြောင်းလဲသွားသည် ။ တိမ်တိုက်​တွေက တ​ရွေ့​ရွေ့
နှင့်ပင် ကျယ်​ပြောပြီး အဆုံးမရှိ​အောင် ​ရွေ့လျား
​နေကြသည် ။ အလွန်ကို မှုန်ဝါး​နေတဲ့ ပုံရိပ်
နှစ်ခုကို မြင်နိုင်​ပေသည် ။ တစ်ခုက အရပ်ရှည်
ပြီး ​နောက်တစ်ခုက​တော့ အနည်းငယ်တို​နေ​လေ
သည် ။

 ပန်း​တွေ​ကြွေတဲ့အခါကိုယ်တို့ပြန်ဆုံ​တွေ့ မှာပါ||မြန်မာဘာသာပြန်||Where stories live. Discover now