_32_ (Final)

4.6K 259 20
                                    

[UNI]


"သခင်​လေး​ရှောင်းကို အိမ်​ရှေ့စံနဲ့သ​​ဘောမတူချင်ပါဘူး"

"ကျွန်​တော့်ရဲ့ ပါး​ကြောင့်ဆိုရင် ကျွန်​တော်.."

"နေထိုင်ဖို့အတွက် စီစဥ်​ပေးမှာမို့ ဒီည.."

"ကျွန်​တော် မသွားချင်ပါဘူး"

"..."

"ရိ​ပေါ်အနားက​နေ ဘယ်ကိုမှ ထွက်မသွားချင်ပါဘူး။ ​တောင်းပန်ပါတယ် ကျွန်​တော့်ကို ဖိအား​တွေ ထပ်မ​ပေးလို့ မရဘူးလားဟင်"

ဘုရင့်အစား ညီလာခံတက်​ရောက်​နေသည့် ဝမ်ရိ​ပေါ်​ကြောင့် ​ရှောင်းကျန့် ဥယျာဥ်ထဲထိုင်​နေစဥ် မယ်မယ်​ခေါ်ခိုင်းသည်ဟူ၍ ​ရောက်လာရခြင်းဖြစ်သည်။ မယ်မယ် သ​ဘောမတူသည်ကို သူနားလည်ပါ၏။

သို့​သော် သ​ဘောတူ​အောင် ဘာပဲလုပ်ရပါ​စေ သူအတတ်နိုင်ဆုံး ကြိုးစားချင်ပါသည်။ ခွဲထုတ်လျှင်​တော့ သူငြင်ဆန်းချင်သည်။ တစ်ကြိမ် ဆုံးရှုံးမလိုဖြစ်ပြီးသည်​ကြောင့် သူထပ်မစွန့်စားရဲ​တော့​ပေ။

"ကျွန်​တော့်ကို သွားခွင့်ပြုပါဦး မယ်မယ်"

ဤအပြုအမူသည် ​ရှောင်းကျန့်အတွက် ရိုင်းမှန်းသိ​​သော်လည်း သူတကယ်ဆက်မ​နေချင်တော့​​ပေ။ မိဖုရား​ခေါင်လို ခြိမ်း​ခြောက်မည့်သူမျိုးမဟုတ်​သော်လည်း သ​ဘောမတူသည့်အ​ကြောင်းအရာနဲ့တင် သူ​ကြောက်သည်။

အ​ဆောင်အပြင်ထွက်လိုက်သည်နှင့် တစ်ကိုယ်လုံး​အေးစက်​နေခဲ့သမျှသည် ​​ချွေးအဖြစ်​ပြောင်းကာ သူ့တစ်ကိုယ်လုံး စိုရွှဲ​နေ​တော့မည်။ အသက်ကိုဝဝရှူကာ အ​နောက်ပင်လှည့်မကြည့်​တော့ဘဲ ဥယျာဥ်ဆီသာ ပြန်ဦးတည်လိုက်၏။

လမ်းတွင် နဖူး​ပေါ်၌​ကျန်နေ​​သေးသော ​ချွေးစတို့ကိုသုတ်၍ စိတ်ကို ငြိမ်​အောင်လုပ်ရသည်။ ရင်ထဲ တလျှပ်လျှပ်ဖြင့် စိုးရိမ်စိတ်က လွှမ်းမိုး​နေပြန်သည်။

ဥယျာဥ်​ရှေ့​ရောက်သည့်အခါ အလှမ်း​ဝေးသည့်တစ်​နေရာ၌ အိမ်​​ရှေ့စံ၏ အ​ခြွေအရံများကို​တွေ့ရသည်။ ဥယျာဥ်ထဲ သူအမြန်ဝင်သွားလိုက်၏။ ဝမ်ရိ​ပေါ်​စောင့်​နေ​တော့မည်။

Lord of Kings [Complete]Where stories live. Discover now