Part 4

2.1K 154 2
                                    

သိမ့်တို့အတန်းမှာ..Chapter End Testစာမေးပွဲဖြေပြီး..အဆင့်​တွေ.ထွက်တော့..အတန်းပိုင်ဆရာမက

"ဒီအခန်းမှာ..အဆင့်တစ်နှစ်ယောက်ထွက်တယ်...အဆင့်သုံးကသက်ထားခင်..အဆင့်တစ် နှစ်ယောက်က ဟန်မင်းပိုင်နဲ့ပိုးသော်တာသိမ့်...နောက်လည်းဒီလိုပဲကြိုးစားကြပါ"

ဒီလိုနဲ့စာမေးပွဲတိုင်းမှာ.တစ်ယောက်နဲ့တစ်ယောက်သူတစ်လှည့်ကိုယ်တစ်လှည့်နဲ့..အဆင့်တစ်ကိုယူနေကြတာ..ဒီဇင်ဘာလရောက်တော့..အခန်းထဲက Blackboardမှာ

"ပိုးသော်တာသိမ့် ကိုချစ်တယ်" ဆိုပြီး ရေးထားတဲ့သူကို..စုံစမ်းတော့..ဟန်မင်းပိုင်

"ဟဲ့...ဟန်မင်းပိုင် blackboardမှာရေးတဲ့သူက နင်ဆို"

"ငါကဘာလို့ရေးရမှာလဲ...နင့်လိုမာနခဲကိုငါကဘာလို့ချစ်ရမှာလဲ"

"သေလေ..ငါကလည်းနင့်လိုဟိုမရောက်..ဒီမရောက်ကောင်ကိုလည်း..ငါကမချစ်ဘူး"သိမ့်အဲ့လိုပြောလိုက်တော့..ဟန်မင်းပိုင် မျက်နှာပျက်သွားတာကို..သက်ထားခင်တစ်ယောက်ပဲ မြင်လိုက်တယ်

တက္ကသိုလ်ဝင်စာမေးပွဲကြီးမဖြေခင်..ဖေဖော်ဝါရီလထဲမှာစာမေးပွဲတစ်ခုဖြေရတော့.

"သက်ထားခင်..ငါ့ကိုတစ်ခုကူညီပေးပါလား..ရော့ဒီမှာ..နင့်အတွက်ချောကလက်...ကနေဒါက..ငါ့အဖေနဲ့အမေဝယ်လာတာ"

"ကျေးဇူးပဲ..ငါကဘာကူညီရမှာလဲ"

"ငါ့ကိုဒီချောကလက်လေးနဲ့ပါဆယ်ဘူးလေူ.ပိုးသော်တာသိမ့်ကိုပေးပေးပါလား"

"နင်ကိုယ်တိုင်သွားပေးပါလား"

"ငါ..မပေးရဲလို့နင့်ကိုပေးခိုင်းတာပေါ့..ပေးပေးမှာလားမပေးပေးဘူးလား..ဒါပဲပြော"

"ငါပေးပေးပါ့မယ်.ငါသိနေတယ်..ငါမပြောလိုက်ချင်ဘူး"

"နင်ကလည်း..ဘာလဲဟ..ငါကသူ့ကိုစားစေချင်လို့ကျွေးတာ ဒါပဲ ငါစာမေးပွဲအခန်းထဲဝင်တော့မယ်"
.............

"သိမ့်..သိမ့်..ခဏနေပါအုံး" သိမ့်ကိုခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့..သက်ထား

"ဘာပြောမလို့လဲ..သက်ထား"

"နင့်ကို..ဟန်မင်းပိုင်က..ချောကလက်ပေးခိုင်းလို့..ကနေဒါကသူ့အဖေနဲ့အမေဝယ်လာတာတဲ့"

ချစ်ခြင်းတို့တည်ရှိရာ နေရာသို့Where stories live. Discover now