အလုပ်စဆင်းဆင်းပြီးချင်း နောက်နေ့ တစ်ရက်သည် ကျောင်းပိတ်ရက် ဖြစ်၍ ညအိမ်အကူဖြစ်တဲ့ ကျွန်မ အခန်းထဲမှာ တယောက်တည်း ယောင်လည်လည်ဖြစ်နေမိသည်။ အသိအကျွမ်းလည်းမရှိ သူငယ်ချင်းလည်းမရှိ မေးထူးခေါ်ပြောရမည့်သူလည်း မရှိတာကြောင့် အခန်းသန့်ရှင်းရေးဘဲ လုပ် လိုက်ရမလားဟု စဉ်းစားနေမိသည်။
" အင်း အဲ့လိုလုပ်ကြတာပေါ့ "
လက်ချောင်းအကြောတွေအားဆန့်ထုတ်လိုက်ပြီး ဆံပင်တွေကို စုချည်လိုက်သည်။ ၀တ်ထားတဲ့ ဂါ၀န်အဖြူအပေါ် အစွန်းအထင်းမကျန်စေချင်သောကြောင့် အနက်ရောင် ခါးစည်ပုဝါကို ခါးမှာ ပတ်ချည်နေတုန်း ...
" ကင်မ် မီဆို ! "
" အမယ်လေး "
အနောက်ကနေ အသံမပေးဘဲ ရောက်လာတဲ့ အလုပ်သမားခေါင်းဆောင်ကြောင့် ထိတ်လိန့်မိသွားသည်။
" စာကြည့်ခန်းကို သန့်ရှင်းရေး သွားလုပ်ချေ ! "
" ရှင်? ကျွန်မ-"
" ငါသွားဆို သွား ! "
သူ့လေသံဟာ ပုံမှန်ထက်ကို သိပ်ခက်ထန်နေသည်။ ဒီလောက်အော်မပြောလည်း ကျွန်မ ကောင်းကောင်းကြားနိုင်ပါသေးတယ် ...
" ဟုတ် ~ "
အခန်းသန်းရှင်းရေးလုပ်ဖို့ စိတ်ကူးပြီး အင်္ကျီတွေ လဲထားပြီးသားမို့ ချက်ချင်းဘဲ စာကြည့်ခန်းကို လိုအပ်တာတွေယူပြီး တန်းသွားလိုက်တော့သည်။
" ဝါး ... ဒါတွေ အကုန် ငါတစ်ယောက်တည်း လုပ်ရမှာတဲ့လား? "
ကျယ်ပြောလာတဲ့ စာကြည့်ခန်းကြီးကို ကြည့်ပြီး ကျွန်မ စွံ့အမိသည်။ စာအုပ်စင်ကြီးက သိပ်ကိုမြင့်မားပြီး စာအုပ်တွေကဆို အစီစီအရီရီနဲ့ အုပ်ရေ ၁၀၀၀ကျော်မလား?