Part-20

4.3K 350 59
                                    

Zawgyi

ည12နာရီ....

ထယ်ယောင်းအိပ်မပျော်သေး..အတွေးတွေဟာလည်းကယောင်းခြောက်ချားရယ်

အမှောင်ထုထဲမှာပြေးနေရတာတွေ..ပျော်ရွင်စရာအမှတ်တရတွေနဲ့ သွေးစွန်းနေတဲ့ဖူရွန်ဒါ...
အဆောင်ထဲက အမှတ်တရညတွေ..ရယ်သံလွင်လွင်တွေ...ရင်ခွင်နွေးနွေးလေး...
ချောင်းစပ်နားကအမှတ်တရတွေ..မျှော်လင့်ခဲ့တဲ့ မိသားစုလေး...
ခလေးလေးမွေးရင်နမ်းဖို့နှုတ်ခမ်းမွေးရိတ်ရဦးမယ်ဆိုတဲ့အရှင့်ရဲ့မျှော်လင့်ချက်လေးတွေနဲ့ မိဘကသားသမီးကိုဆုံးရုံးလိုက်ရတဲ့ခံစားချက်
အို...ဆုံးနေတာပါပဲ

သူတို့ရဲ့အချစ်တွေကို အရှင်ကအခုတော့မသိဘူးတဲ့...ရင်ထဲထိ ရိုးတွင်းချဉ်ဆီထဲထိ အသက်ပေးရလောက်တဲ့ထိ နစ်နေအောင်ချစ်ခဲ့တာတွေကိုအရှင်ကမမှတ်မိဘူးတဲ့လေ...

အတွေးတွေနဲ့အတူ မျက်ရည်တို့စီးကျလာမိတော့...
'လူနာဆိုတာ စိတ်ကိုပျော်အောင်ထားရတယ်'ဆိုတဲ့အရှင့်စကားကြောင့် မျက်ရည်တို့ထပ်မကျရန်တားဆီးလိုက်သည်။ သို့သော်လည်း မဖိတ်ခေါ်ပါဘဲ သူတို့ဟာမျက်လုံးအိမ်ထဲမှ ပါးပြင်ပေါ်သို့ထွက်လာခဲ့သည်။

မျက်ရည်တွေကိုသိမ်းရန် ခေါင်းအားအပေါ်မော့လိုက်တော့ ညနေကကုန်သွားလို့ သူနာပြုတစ်ယောက်အသစ်လဲပေးထားတဲ့ Drip၏ပိုက်မှာ ဆေးရည်ဟာတစ်စက်စက်ကျနေလေသည်။

လက်ကိုကြည့်တော့ အပ်တို့နဲ့ထိုးစိုက်ခြင်းခံထားရတဲ့သူ့လက်တစ်ဖက်..စိတ်တို့လွတ်သွားတဲ့ခန ထိုပိုက်တို့အားဆွဲဖြုတ်လိုက်တော့ သွေးတို့ဟာမြင်မကောင်းစွာထွက်လာသည်။

လိုအပ်သေးသည်ဟုထင်လို့တပ်ထားသော အောက်စီဂျင်ပိုက်များကိုလဲဆွဲဖြုတ်ကာ..အားမရှိတဲ့ခြေတွေကို ကြမ်းပြင်ပေါ်ချလျက် စိတ်တို့ရှိရာ ခေါင်မိုးပေါ်သို့တတ်လာခဲ့တော့သည်။

ခေါင်မိုးပေါ်ရောင်တော့ လေကတဖြူးဖြူးရယ် ဘာမှမတွေးတော့ဘဲ ဘောင်ပေါ်တတ်ကာခြေထောက်ကိုအောက်သို့တွဲလောင်းချ၍ ထိုင်လိုက်သည်။

ကောင်းကင်ပေါ်မော့ကြည့်တော့...နေ့ခင်ကမိုးရွာထားလို့ထင် တိမ်တို့ကင်စင်ချက် လမင်းကြီးဟာသာလှသည်။ ဗီးနပ်စ်ကြယ်လေးဟာလည်း လင်းထိန်လို့ပေါ့...အားမရှိတဲ့ခန္တာကိုယ်ဟာ လေတစ်ချက်ဝေ့လိုက်တာနဲ့ လွင့်သွားတော့မလို....

 The Mafia's Boyfriend Is The King(Complete)Where stories live. Discover now