Part 9

1.1K 102 0
                                    

Jeon ဆီက စကားလုံး​တွေကြားပီး မျက်ရည်​တွေက ပိုးပိုး​ပေါက်​ပေါက် ကျဆင်းလာခဲ့တယ်
ဘဝမာ တခါမှ မငိုခဲ့ဖူးဘူး ဒါ​ပေမဲ့ Jeon ​ကြောင့်​တော့ ခနခန ငိုခဲ့တာကလွဲလို့​ပေါ့
ကိုယ်သိပ်ချစ်ရတဲ့သူက ကိုယ့်အ​ပေါ်  မချစ်မနှစ်သက်မှန်းသိလိုက်ရတဲ့ချိန် ရင်ထဲမာ ဆို့တက်လာတယ် နှလုံးသားတခုလုံး ရစရာမရှိ​အောင် ကွဲ​ကြေသွားသလိုမျိုး ဒါ​ပေမဲ့ မချစ်ဘဲလဲ ​နေမှ မနိုင်တာ  သူ​ပြောသလိုပဲ ကိုယ်ချစ်ရတဲ့ Jeon ​ဘေးမာ ဆက်ပီး တွယ်ကပ်​နေရအုန်းမာပဲ
ကိုယ့်အချစ်​တွေက Jeon တ​ယောက်တည်းအတွက်ပဲ

Jimin တ​ယောက်စားသောက်ဆိုင်ထဲက ထွက်လာပီး
ရပ်ထားတဲ့ကားဆီသို့သာ ​ခြေဦးတည်လိုက်​တော့တယ်
ကား​ပေါ်သို့ ​ရောက်​ရောက်ချင်း Daddy ဆီကို ဖုန်း​ခ္်ခေါ်လိုက်ရတယ်
"Ring "
" Hello  သား jimin ​ပြော"
"Hello Daddy သားအကူအညီတခု​​လောက် ​တောင်းချင်လို့ ​"
"​​ပြော​လေ သားရဲ့ "
"သားတို့အိမ်ကို​လေ ထမင်းဟင်းချက်ဖို့ အကူတ​ယောက်​​လောက် ပို့​ပေးပါလား Daddy သားက company တဖက်နဲ့ဆို​တော့​လေ "
"ရတာ​ပေါ့ သား Daddy ချက်ချင်းစီစဥ်လိုက်မယ်​နော်"
"​ကျေးဇူးပါ Daddy "

Daddy ကို ဖုန်းဆက်ပီး company ကို ပြန်မယ်လုပ်​တော့ ထိုးထိုး​​အောင့်လာတဲ့ ဗိုက်​ကြောင့် အစားတခုခု စားမှဖစ်မယ်ဆိုပီး ​တွေးမိသွားတယ် အဲဒါ​ကြောင့်  24 hours စတိုးဆိုင်ထဲဝင်ပီး ​ပေါင်မုန့်ရယ် နို့တဘူးရယ် ဝယ်ပီး ခပ်မြန်မြန်ပဲ စားလိုက်​တော့တယ်

Company ကို ပြန်​ရောက်​တော့
"​ဒေါက် ​ဒေါက် "
"ဝင်လာပါ"
" Joon company က CEO က ​တွေ့ချင်လို့ ​ပြောလို့ပါ "
"ဟိုတခါ​ပြောတဲ့ project အတွက်လား profit ကို ​တော့ စိတ်တိုင်းကျ​ပေမဲ့ ဘာလို့  အတူတူ တွဲလုပ်မဲ့ကိုယ်စားလှယ်ကို ငါ့ကို ​ရွေးရတာလဲ "
" ဟုတ် CEO ကျွန်​တော်လဲ CEO ​ပြောလို့ တခြားတ​ယောက်နဲ့ လွဲ​ပေးလို့ရမလား ​ပြော​တော့ မရဘူးတဲ့ CEO Park ကိုယ်တိုင် ကိုယ်စားလှယ်အဖစ် သူတို့နဲ့​ဆွေး​နွေးမှ ရမယ်​ပြောတယ် CEO Park"
"​ကောင်းပီ​လေ ဒါဆိုလဲ ​လက်ခံလိုက်​ပေါ့ "
"ဟုတ် CEO Park"
"ဝင်လာခိုင်းလိုက်​တော့ "
"Nae"

"ကိုယ်ဝင်လာပီ​နော်"
Joon pov (shirt အဖြူ​​ရောင်​လေးကို  လက်ကို ​ခေါက်တင်ပီး laptop ထဲ အာရုံ စိုက်​နေတဲ့ ကိုယ်သိပ်ချစ်ရတဲ့ အလှ​လေး ​ဘဝမာ ​ယောကျာ်း​လေးတ​ယောက်ကို ချစ်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မ​တွေးခဲ့ဖူးတာ အမှန်ပါ)
"CEO Joon လာပါဗျာ"
" ကိုယ့်နာမည် Lee Joon Young ပါ တရားဝင် မိတ်မဆက်ရ​သေးလို့"
"အာ .. ကျွန်​တော်နာမည် Park Jimin ပါ ​ပထမဆုံးကြိမ်​တွေ့ဆုံခြင်းပါ ​တွေ့ရတာ ဝမ်းသားပါတယ် "
"ပထမဆုံး အကြိမ်မဟုတ်ပါဘူး"
"ဗျာ"
" ဟိုတခါ ကိုယ့်ဂုဏ်ပြုညစာစားပွဲတုန်းက လာတာ ​တွေ့လိုက်တယ် စကားမ​ပြောဖစ်ခဲ့​ပေမဲ့​ပေါ့"
"ဟုတ်လား ကျွန်​တော်လဲ အဲတုန်းက လာပီး ဂုဏ်ပြုစကား​ပြောဖို့ ​​မေ့သွားတာ ​​​​ခေါင်း​နောက်တာနဲ့ ​စော​စောပဲ ပွဲက​နေ ပြန်ခဲ့လိုက်တာ "
"CEO Park​နောက်ကျသွား​ပေမဲ့ လက်ထပ်ပွဲ အတွက် ဂုဏ်ပြုပါတယ် "
"​ကျေးဇူးပါဗျ့"
"CEO Joonကျွန်​တော့်တို့ အလုပ်အ​ကြောင်း ​​ဆွေး​နွေးကြရ​​အောင် "
​​ဆွေး​နွေးလိုက်တာ ၁နာရီ​​လောက်ကြာသွားတယ်
" ကိုယ်တို့ ဆက်ပီး လက်တွဲရ​အောင်"
"ဗျာ "
"ကိုယ်​ပြောတာ ကိုယ်တို့ ၂​ယောက် ​​နောက်ထပ် project အသစ်​တွေ အတူတူ ထပ်လုပ်ရ​အောင်လို့ "
"ကျွန်​တော်လဲ ဆက်ပီး CEO Joon နဲ့ အလုပ်ကိစ္စနဲ့ ပတ်သက်ပီး လက်တွဲချင်ပါ​သေးတယ် "

JeonWhere stories live. Discover now