Ep-13(Unicode Version)

235 5 2
                                    


(Unicode Version)

"ငယ်"

"ဗျာ"

အလုပ်မှပြန်ရောက်ရောက်ခြင်း ဧည့်ခန်းထဲကိုရှာကြည့်တော့လည်းငယ့်ကိုမတွေ့သလို၊အိပ်ခန်းထဲမှာလည်းငယ်မရှိတာကြောင့် ငယ့်အတွက်
သီးသန့်လုပ်ပေးထားတဲ့စာကြည့်ခန်းသို့ စစ်သွေးရောက်လာခြင်းဖြစ်သည်။

ငယ်စာလုပ်နေရင်း ဦးသော်ရဲ့ခေါ်သံကြောင့်
လှည့်ကြည့်လိုက်ချိန်မှာတော့ အခုချိန်ထိsuitကို
ဝတ်ထားပုံထောက်ရင် ရုံးကပြန်ရောက်ရောက်ခြင်း ငယ့်ကိုရှာနေမှန်းအတပ်သိလိုက်သည်။

ဦးသော်ဆိုတာ ထိုကဲ့သို့သောသူမျိုး.....

ဘယ်လောက်ဘဲခရီးဝေးဘဲသွားရပါစေ..
ပြန်ရောက်တာနဲ့ငယ့်ကိုသာအရင်မေးပြီး ငယ့်ကိုသာအရင်ရှာနေတတ်သူ...မေးကြည့်တော့လည်း ဘာရယ်မှထွေထွေထူးထူးမဟုတ်ဘဲ'ငယ့်မျက်နှာကိုမြင်ချင်လို့တဲ့'လေ။

ဒီလူကြီးဟာ ထိုကဲ့သို့သောစကားလုံးများနဲ့ကဗျာဆန်တတ်သေးတယ်ဆိုတာကိုတော့ ငယ်မသိချင်ယောင်ပင်ဆောင်မရလောက်အောင်အထိ...

"ဦးသော် ရေသောက်ဦးမလား"

"တော်ပြီ ကိုယ်ရေချိုးတော့မယ် ငယ်ထမင်းစားနောက်ကျနေမှာစိုးလို့"

ငယ့်နားကိုတဖြည်းဖြည်းလျှောက်လှမ်းလာရင်း ငယ့်ရဲ့ဦးခေါင်းဆီသို့လက်များကိုထိုးသွင်းကာ ဆံပင်များကိုဖွနေသူ....

"ဦးသော်နော်...ငယ့်ကိုအဲ့လိုမလုပ်နဲ့လို့ဘယ်နှခါပြောရမလဲ နောက်ပြီးကျရင်ငယ်ကအပျင်းကြီးပြီးအိပ်ချင်လာရော အဲ့ကြရင်စာကမလုပ်တော့ဘူး စာမေးပွဲကျရင်ဘယ်လိုလုပ်မလဲ"

စစ်သွေးသူ့ရဲ့ထိုကဲ့သို့မျိုးပြုမူတိုင်း ငယ့်ရဲ့
အလားသဏ္ဍန်တူသော စကားများကိုအထပ်ထပ်အခါခါကြားနေရခြင်းဖြစ်သည်။

"ငယ့်ကို ကိုယ်ပြောပြီးပြီလေ ငယ်စာမေးပွဲကျလည်း ကိုယ်ကထပ်ပြီးထားနိုင််တယ် ငယ်ဘာမှမလုပ်လည်း ကိုယ်ကတစ်သက်လုံးလုပ်ကျွေးနိုင််တယ်လို့..."

ဦးသော်ရဲ့ဤသို့သောပြန်ဖြေသံကိုကြားတိုင်း
ငယ့်ရင်ထဲမှာအမြဲလိုလိုနွေးထွေးသွားရသည်။
ဦးသော်ဆိုတာငယ့်အတွက်တော့ အဖေလို၊အစ်ကိုလို၊ဦးလေးလိုအမြဲတမ်းဆုံးမကာ အလိုလိုက်ပေးသူ။ငယ့်ရဲ့မျက်နှာအရိပ်အခြေကိုသာ အမြဲတမ်းကြည့်နေသူတစ်ယောက်ဆိုလျှင်လည်း မမှားပေ။

Default Title -My Little Baby(Ongoing)Where stories live. Discover now