မင်းခစားမယ့်ည
Part-2ကျွန်တော့နာမည်က မိုးညငယ်လို့ခေါ်ပါတယ်ခင်ဗျ။ နာမည်ကတော့ နည်းနည်းပုစိလေး မိန်းမဆန်တယ်ဗျ။ ကျွန်တော်က ပြောရမယ်ဆိုရင်တော့ဗျာ...ဟို ဘယ်က စပြောရမလဲ အသက်ကနေ စပြောမယ်ဗျာ အိုကေလား။ ကျွန်တော့ အသက်က အခု ၁၆နှစ်ထဲမှာပါခင်ဗျ။ ဆယ်တန်းကို ဂုဏ်ထူးလေးခုနဲ့အောင်ပြီး အခု TU တတ်နေပါတယ်။ အခုမှ တက္ကသိုလ် lifeကို ပထမဆုံး ကြုံဖူးတာမို့ အရာရာက အသစ်အဆန်းကြည့်ပဲခင်ဗျ။ stateကျောင်းတွေထက် လွတ်လပ်သလို ပျော်ဖို့လည်းကောင်းပါတယ်။ အတန်းကြီးက အမတွေကတော့ အတန်းလစ်လို့ရတယ် ပြောပေမဲ့ ကျွန်တော် အခုထိတော့ မလစ်ဖူးသေးဘူးခင်ဗျ။ ကျောင်းဖွင့်တာလည်း တစ်ပါတ်ပဲရှိသေးတော့လေ မလစ်သေးဘူးခင်ဗျ ဆရာမတွေအားနာလို့လေ။ အဲ့တော့ နောက်မှ လစ်မယ်ပေါ့ဗျာ အခုတော့ သူငယ်ချင်းတွေနဲ့ ကန်တင်းမှာ ပျော်ပျော်ပါးပါးပေါ့ အခုမှ ကျွန်တော်တို့က တက္ကသိုလ်စတတ်ဖူးတာမဟုတ်လား။
ကျွန်တော်မှာ stateကျောင်းကတည်းက အရမ်းခင်ရတဲ့ သူငယ်ချင်းလေးယောက်ရှိတယ် ပြောရမယ်ဆိုရင် ကျွန်တော်အပါအဝင် ငါးယောက်ပေါ့ဗျာ။ ရှင်းသန့်ဖြူလို့ခေါ်တဲ့ အရမ်းအလှကြိုက်တဲ့ မမပဲရယ်။ ချမ်းမြေ့သူလို့ခေါ်တဲ့ ဒဿနတွေပွားတတ်တဲ့ အမြဲတမ်း တားရော့ကဒ်အထုပ်ကြီးနဲ့ ဗေဒင်ဆရာမယောင်ယောင်မမရယ်။ ကျွန်တော့ အနွံတာ အမြဲသည်းခံတဲ့ အုပ်စိုးလို့ခေါ်တဲ့ ဂျစ်ကန်ကန် fighterကြီးရယ်။ မင်းစစ်လို့ ခေါ်တဲ့ အမြဲတမ်းစနောက်တတ်တဲ့ ငပြောင်ကောင်ရယ်။ အမြဲတမ်း တကျက်ကျက်ရန်ဖြစ်နေကြပေမဲ့ ကျွန်တော်တို့ ငါးယောက်က သိပ်ချစ်ကြတာဗျ။
"မိုးည နင်ဘာမှာမလဲ "
"ငါ ထမင်းဆီဆမ်းရယ် ကြက်သားကြော် လက်ဖက်သုပ် အအေး ပြီးတော့ .."
"တော်ပါတော့ မိုးညရယ် နင့်မလဲ လူကောင်သေးသလောက် အရမ်းစားနိုင်တာပဲ လွယ်အိတ်ထဲလည်း မုန့်တွေကြည့်ပဲ ဆရာမ စာသင်တော့လည်း အနောက်ကနေ မုန့်ခိုးစားတယ် အခုလည်း ကန်တင်းမှာ ထမင်းချိုင့်ကပါသေး မုန့်ကတစ်ဖက်နဲ့"ဟု ရှင်းသန့်ဖြူက ပြောလျှင်
YOU ARE READING
Min Kha Sar Mae Nya - မင်းခစားမယ့်ည
Romanceဇာတ်လမ်းတော့ကြိုမပြောတော့ဘူး ဖတ်ကြည့်ပါ 😬