အခန်း ၂၀၃

1.1K 94 1
                                    

အခန်း ၂၀၃။

အရှက်မရှိတဲ့မိန်းမ

ရို့ပင်း၏ အတွေးက အထင်းသားပေါ်နေ၍ ပါမောက္ခသုံးဦးပင် မြင်နေရသည်။ သူမအပေါ် လက်ကျန် နည်းနည်းလေး ကျန်ရှိနေသည့် လေးစားသမှုပင် ကုန်သွားလေသည်။

အခြေအနေကို စိတ်ရှင်းရှင်းဖြင့် ကြည့်ပါက ထိုနေရာတွင် မည်သူမှားနေလဲဆိုသည်ကို သိနိုင်ပေသည်။

နောက်ဆုံး၌ မည်သူကသာ မာန၏ သားကောင်ဖြစ်နေသလဲဆိုသည်ကို သူတို့ သိလိုက်ကြသည်။

သို့သော် ရို့ပင်းကတော့ သူတို့အတွေးများကို ဂရုမစိုက်ချေ။

သူမတစ်ခုတည်းသော ပန်းတိုင်က ရှင်းဟယ်ကို မောင်းထုတ်ရန်ပဲဖြစ်၏။

မည်သည့်အကြောင်းကြောင့်မဆို ယနေ့တွင် သူမ ရှုံး၍မဖြစ်ချေ၊ ဓာတ်ခွဲခန်းရှိ သူမရာထူးက အန္တရာယ်ရှိနေသောကြောင့်ဖြစ်သည်။

သူမ ရှင်းဟယ် စိန်ခေါ်မှုများကို ထပ်ပြီး လက်ခံရန် အတင်း ဖိအားပေးရမည်။

ရှင်းဟယ်က သူမအကြံများကို ငြင်းဆိုခြင်းမရှိတာကြောင့် ၎င်းက ထင်ထားသည်ထက် ပိုလွယ်နေ၏။

"သံသယရှိနေမှတော့ ကျွန်မကလည်း နောက်ထပ် စမ်းသပ်မှုတွေကို လက်ခံတာပေါ့။ ဒါပေမဲ့ တကယ်လို့ ကျွန်မခေါင်းဆောင်ယွင်မေးတဲ့ ဒီစမ်းသပ်မှုကို
အောင်သွားရင် တစ်သက်လုံး ဒီကိုဝင်ခွင့်အပိတ်ခံလိုက်ရပြီ မှတ်လိုက်တော့"

ရို့ပင်း မူးဝေနေသည်။

ရှင်းဟယ် သူမကို သေချာစိုက်ကြည့်လိုက်သည်။

“ဘာလဲ နင်တစ်ယောက်ပဲ ဒီမှာ ခြိမ်းခြောက်လို့ရတယ် ထင်နေတာလား။ ဒီဂိမ်းကို နှစ်ယောက်ကစားလို့ရတာ၊ အစ်မရေ နင်က အရင်ငါ့ကို လာတိုက်ခိုက်တာဆိုတော့ ငါပြန် တိုက်တာကိုလည်း မျှော်လင့်ထားရမှာပေါ့"

လူအုပ်ထဲသို့ နောက်ထပ် တုန်လှုပ်ဖွယ်လှိုင်းတစ်ခု ထပ်ဖြတ်သွားပြန်၏။

ရှင်းဟယ်က ရို့ပင်းကို ပေါ်တင်စိန်ခေါ်လာမည်ဟု သူတို့မထင်ထားကြချေ။

သို့သော် ယခင်ထက်စာလျှင် သူတို့ သူမအပြုအမူကို လေးစားသွားကြ၏။ စော်ကားတာမျိုး မဟုတ်ဘဲ ခပ်မိုက်မိုက်ပုံစံလေးက သူတို့ကို ဖြည်းဖြည်းချင်း တက်ကြွလာစေသည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now