For Youth part 1

4.1K 219 4
                                    

For Youth part 1

အဖြူရောင် ဇာပါဝါနဲ့ ခရမ်းနှရောင် ဇာပါဝါလေးတွေ ရောယှက်ထားပီ ပန်းရောင်စုံလေးတွေ လှပစွာ စည်ချယ် ထားတဲ့ ရောင်စုံပန်းတွေရဲ့ကြားမုာ အနီရောင် ကောဇော် လျှောက်လမ်း လေးကလဲ ဝင့်ကြွာစွာ နေရာယူထားခဲ့သည်

ခမ်းနာလွန်တဲ့ မဂ်လာ ဧည့်ခံပွဲနဲ့အတူ ပူပမ်းနေတဲ့ ကောင်းကလေတစ်ယောက်နဲ့ တည်ငြိမ်နေတဲ့ ကောင်လေးတစ်ယောက် တစ်ခန်းစီ တနေရာစီ ထိုင်ရင်းငြိမ်သက်နေကြတယ်

အခန်းတံခါး ဖွင့်ဝင်လာတဲ့ အဖိုး

"မြေး အဆင်သင့်ဖြစ်ပီလား ဂျောင်းကုကတော့ အဆင်သင့်ဖြစ်နေပီ''

"ဖိုးရယ် အဆင်ပြေပါ့မလား ကျနော်ကတော့ စိတ်တွေ ပူနေမိတယ်ဗျာ''

ဂျီမင် ပြောရင်းအဖိုးလက်ကလေးကို ကိုင်ထားခဲ့တယ်

"မြေးဂျီလေ အဖိုးက အဖိုးရဲ့မြေးကို မြေးလိုမျိုးလိမ္မာတဲ့သူနဲ့ပဲရစေချင်တာ မိုးမခနွယ်လို လူမျိုးနဲ့မရစေချင်လို့ပါ သေကာနီ အဖိုးတစ်ယောက်ရဲ့ ဆန္ဒ ပါကွယ်''

အဖိုးရဲ့ စကားကြောင့် ဂျီစိတ်မကောင်းဖြစ်သွားပီ

"မဟုတ်ပါဘူးဖိုးရယ် သားကအဖိုးလိုချင်တဲ့ ဖြစ်တည်မူ့မဟုတ်လို့ပါ သားအာနာလို့ပါဗျာ''

"လိမ္မာ တဲ့ကလေးရယ် အဲ့ဒီအတွက်လည် မပူပါနဲ့ကွာ မြေတို့ဆီက ယူထားတဲ့ဟာက ဖန်ပြွန်သန္ဓေသား ယူလို့ရတယ်လေ ''

"ဟို ဂျောင်ကုကအဆင်ပြေပါ့မလားဟင် သူကမိုးမခနွယ်ကို ကြိုက်တာမဟုတ်လားဖိုး''

"မြေးဆီက မိုးမခနွယ် ခဏခဏကြားရတာဖိုးအဆင်ပြေမနေဘူးနော် ဂျောင်ကု ဘယ်လိုကြိုက်ကြိုက် ဘယ်သူနဲ့ကြိုက်ကြိုက် အဖိုးသဘောမတူဘူး ဖိုးသဘောတူတာက မြေးပဲ ကြားလား''

ဖိုးရဲ့တင်မာအေးစက်နေတဲ့လေသံကြောင့် ဂျီစကားမဟရဲတော့ပဲ ငြိမ်ငြိမ်လေး ထိုင်နေခဲ့မိတယ်

"မြေးဂျီ တကယ်တော့ ဂျောင်ကုကသနားစရာကောင်းပါတယ် သူ့ကိုဂရုစိုက်တဲ့အဖေက သူဆယ်နှစ်သားမုာ သေဆုံးခဲ့ပီ သူ့အမေက သူ့ဖဲလောက်ပဲအာရုံရှိတာ ဒါကြောင့်သူက သူကို ဂရုစိုက်မယ့်သူလိုအပ်နေတာ ဖိုးပြောတာကြားလား သဘောပေါက်လား ''

For YouthWhere stories live. Discover now