For Youth The End

1.3K 75 6
                                    

For Youth The End

‌မိုးသာပြာရဲ့ ကောင်းကင်ကြီးပေါ် ဝဲပျံကာ ထွက်ခွာလာခဲ့သည့် လေယာဉ်ပေါ်မှာတော့ ပြုံးချိုနေတဲ့ မျက်နာလေးနဲ့ ချစ်ရသူရဲ့ လက်ရှည်ရှည်လေးကို ဆွဲကိုင်ထားခဲ့ပီ ပုခုံးပေါ်ခေါင်လေ မှီထားခဲ့လိုက်သည်

"ဂျီ သဘောကျလား"

"အင်းပေါ့ မောင်ရ ဒီလိုမျိုးကိုယ်ချစ်ရသူနဲ့ အတူရှိနေတာ ဘယ်သူကသဘောမကျတာရှိမလဲ"

"ဂျီသဘောကျရင် မောင်ကပျော်တာပေါ့"

ဂျီ့ပါးဖောင်းလေကို ဆွဲညစ်လိုက်ပီ ဂျောင်းကုပြောလိုက်တော့ မျက်လုံးလေမှေးအောင် သဘောကျနေသူလေ လက်မောင်တို့ကိုဆွဲဖတ်ထားနေသူ

လည်သာ ဖိနပ်လေးကို ‌လှုပ်စိလှုပ်စိနဲ့ကစားကာ သဘောကျနေခဲ့သည် ဒီနေ့ မောင်နဲ့အတူ ဝတ်စုံဆင်တူလေးဝတ်ခဲ့ကြပီ ဖိနပ်ကအစ ဦးထုတ်ကအဆုံး ဆင်တူလေးဝတ်ထားခဲ့ကြသည်

"ဂျီ မနက်အစောကနေ ထထားတာ အိပ်နှင့်လေ ရောက်ရင်မောင်နိူးမယ်"

"မအိပ်ပါဘူး မောင်ရာ အိပ်လိုက်ရင်း နှမျော်စရာကြီး "

"ဘာကို"

"မောင်နဲ့ဒါမျိုးဖြတ်သန်းရတာလေ နှမျောတာပေါ့"

"မနှမျောပါနဲ့ဗျာ နောက်ဆိုခဏခဏ ခရီးထွက်ကြမယ်လေနော်"

"မောင်ကတိနော်"

"အင်းကတိ"

လက်သန်းသေးသေးလေးကို ထောင်ပီပြောနေသူကြောင့် ဂျောင်းကုသဘောကျစွာ ရယ်နေခဲ့မိကာ လက်သန်းချင်း ချိတ်ခဲ့လိုက်ကြသည်

ကျနော့ရဲ့နှင်းဆီပန်းဖူးလေးကတော့ သူလုပ်ချင်ရာလုပ်ပီပျော်နပုံက အသဲယားစရာကောင်းနေခဲ့သည်

ခဏအကြာ မှာတော့ ပုခုံးလေးကို မှီကာ တရူးရူးနဲ့အိပ်ပျောသွားခဲ့ပီ

လေယာဉ်ခုံလေးကို အဆင်ပြေပြေ အိပ်ရအောင် ညှိပေးလိုက်ပီ အိပ်ပျော်နေတဲ့ ဂျီ့ပုံစံလေးက ကလေးလေတစ်ယောက်လို အပစ်ကင်းစွာ အိပ်နေပုံလေ ချစ်စရာ ကောင်းလွန်နေခဲ့သည်

အရင်က ဘာလို့များ မမြင်နိုင်ခဲ့ရတာလဲ တွေးမိကာ လက်ဖောင်းဖောင်းသေးသေးလေးကိုဆွဲကိုင်လိုက်ပီ လက်ဖမိုးလေးကို အသာအယာနမ်းလိုက်ပီ

For YouthWhere stories live. Discover now