Part-25

1K 43 2
                                    

                    ရုံးပိတ်ရက်ဖြစ်သဖြင့် အဂ္ဂ၏အိမ်တွင် လူစုံနေကြသည်။သုတသည် ငယ်စဉ်ကတည်းက အဂ္ဂနှင့်အတူတူနေသဖြင့် အခုလည်း ဧည့်ခန်းကျယ်ကြီးထဲတွင် သုံးယောက်သားဝိုင်းထိုင်၍ pan cakeများထိုင်စားနေကြခြင်းဖြစ်သည်။လွန်း တဖြစ်လဲ အမောင်သည်လည်း ရန်ကုန်ရောက်သည့်အချိန်မှစ၍သင်တန်းများတက်သည်။ဒီကြားထဲ bakeryဆိုင်တစ်ခုတွင် သင်တန်းတက်လိုက်သေးသည်။ထိုအချိန်မှစ၍ လွန်းတစ်ယောက် လက်စွမ်းစပြပြီဖြစ်သည်။ကောင်းကောင်း မကောင်းကောင်း ဒိုင်ခံမြည်းစမ်းရသူသည်ကား အဂ္ဂပင်ဖြစ်သည်။

      

                    Pan cakeအား အကြိမ်ကြိမ်စမ်းသပ်ပြုလုပ်ပြီးနောက်တွင် လှလှပပpan cakeလေးများထွက်ပေါ်လာတော့သည်။သုတသည်လည်း "good good"ဟုဆိုကာ လက်မတထောင်ထောင်ဖြင့် အငမ်းမရစားနေသည်။ထိုအချိန်တွင် အဂ္ဂသည် လွန်းအား မျက်စပစ်ပြလိုက်သည်။

               အကြောင်းမှာ ယနေ့တွင် ပဲခူးသား လောက်ကြင် မဟာသွေးသည် ရန်ကုန်ရွှေမြို့တော်ကြီးသို့ ကြွရောက်မည်ဖြစ်ကြောင်း အဂ္ဂတို့အား အကြောင်းကြားလာသောကြောင့်ဖြစ်သည်။သုတကိုမူ Suprise တိုက်မည်ဟုဆိုကာ အသိမပေးခိုင်းပေ။

                  သုတနှင့် အဂ္ဂတို့ ရန်ကုန်သို့ပြန်ရောက်ပြီးကတည်းက မဟာလည်း ပဲခူးနှင့် ရန်ကုန်ကို အိမ်ဦးနှင့်ကြမ်းပြင်လို ကူးချည်သန်းချည်လုပ်နေရသည်။ငြိုငြင်သည်ဟူ၍လည်းမရှိ။လွန်း၏ လက်ရာအား အပီအပြင်ဆွဲနေသော သုတအား နည်းနည်းပါးပါးလောက်ကလိချင်သေးသည်မို့ အဂ္ဂနှင့်ပေါင်း၍ ကြံစည်ထားကြခြင်းဖြစ်သည်။

"အစ်ကိုသုတ ကျွန်တော့်လက်ရာဘယ်လိုနေလဲ၊စားလို့ကောင်းတယ်မလား"

                သုတသည် ပါးစပ်ထဲသို့အတင်းသွတ်ထားရသဖြင့် ပြန်တောင်မဖြေနိုင်။လက်မလေးသာထောင်ပြသည်။ထို့နောက် လွန်းသည် အဂ္ဂအား ပြုံးပြသည်။အပြုံးမှာ လူယုတ်မာပြုံးပင်ဖြစ်သည်။

"အစ်ကိုသုတ  အစ်ကိုမဟာ့အကြောင်းကြားပြီးပြီလား"

               သုတကမှ တကယ့်လင်ထိပ်ထားစံအစစ်ဖြစ်သည်။မဟာ့နာမည်ကြားသည်နှင့် စားနေရင်းမှခေါင်းထောင်ပြီးကြည့်လာသည်။မေးတစ်ချက်ဆတ်ပြသည်ကား ဘာလဲဆိုသည့်သဘော။လွန်းသည်လည်း သူတို့အကွက်ထဲအံ၀င်ခွင်ကျ၀င်လာပြီဖြစ်၍ ချောင်းတစ်ချက်ဟန့်ကာ နေရာပြင်၍ထိုင်လိုက်သည်။ထို့နောက် မျက်နှာကိုအငယ်နိုင်ဆုံးထိငယ်ချကာ အသံတုန်တုန်လေးဖြင့်ပြောလာသည်။မျက်ရည်ဝဲပြဖို့လည်း သူမမေ့ပါ။

ချစ်ခြင်းတည်စေWhere stories live. Discover now