အပိုင်း(၁၇)

4.4K 478 56
                                    

Unicode

ချစ်မိနေတော့လည်း နှစ်ယောက်သားက၂၄နာရီလုံး ပူးကပ်နေချင်တာပေါ့။အစားစားတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တော်တော်များများကို အိပ်ရာပေါ်တွင်သာကုန်ဆုံးပြီး အရမ်းကိုပျက်စီးနေကြပါတယ်။

ရက်အနည်းငယ်လောက်ကြာပြီးနောက် ကျန်းမုရဲ့ခါးက နာကျင်ကိုက်ခဲနေပြီး မျက်နှာကလည်းဖြူဖျော့ကာ လမ်းလျှောက်တာလည်းခြေကားယားဖြစ်နေပြီ။

ထိုအခါ ရှောင်ချန်ကထိတ်လန့်သွားပြီး ကျန်းမုကို အိပ်ရာပေါ်မှာတကယ်အိပ်တာကလွဲပြီး ဘာမှပေးမလုပ်တော့ဘူး။သူ့ကိုထိတွေ့ချင်အောင်လည်း မစတော့ဘူး။

သူတို့က ရှုယင်းတို့နဲ့ အိမ်ပြန်ရောက်ရင် ချိန်းဆိုမှုပြုမယ်ဆိုကာ ဖုန်းနံပါတ်အလဲအလှယ်လုပ်ပြီး မာဇူကာမြို့မှာလမ်းခွဲလိုက်ကြတယ်။

ပြီးနောက် ကျန်းမုတို့က မော်ရိုကိုက ဖက်ဇ်ကိုဆက်သွားကာ မဒီနာကိုအလည်သွားကြတယ်။ထို့နောက် ရှက်ဖ်ရှဝန်မြို့ကနေ တန်ဂျီရာထိသွားကာ ရေးဘတ်ကနေ ကာဆာဘလန်ကာထိ ပြန်လာကြတယ်။

လမ်းခရီးတစ်လျှောက်မှာ နှစ်ယောက်သား ဓာတ်ပုံတွေရိုက်လိုက် အနားယူလိုက်လုပ်ရင်း မြို့တော်အသီးသီးရဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို လေ့လာခဲ့ကြတယ်။

ကျန်းမု တစ်ယောက်ယောက်ဆီမှာထဲထဲဝင်ဝင်နစ်မျော်မိတာ ဒါပထမဆုံးအကြိမ်ပဲ။ရှောင်ချန်ကို စတင်ချစ်မိလာပြီလို့ ကျန်းမုကခံစားရပြီး ရှောင်ချန်ကိုကြည့်နေရရင်ကို သူကပျော်ရွှင်မှုကိုခံစားနေရပြီ။

သူစိမ်းတွေဝန်းရံနေတဲ့ တစ်ပါးသူနိုင်ငံမှာ ကျန်းမုက သိက္ခာတွေစောင့်တည်းမနေတော့ဘဲ လမ်းပေါ်မှာ ရှောင်ချန်ရဲ့လက်ကိုမြဲမြဲတွဲကာ ရှောင်ချန်ရဲ့ခွက်ထဲကအအေးကိုလည်းယူသောက်ပြီး ဘယ်သူမှကြည့်မနေတဲ့အချိန်ဆိုလည်း အကိုရှောင်ကိုခိုးနမ်းပါသေးတယ်။စတဲ့ခပ်နုံနုံအပြုအမူအားလုံးကိုလုပ်ခဲ့ပြီး တစ်ခါအောင်မြင်တိုင်းလည်း ကျန်းမုက လူမမိအောင်သကြားလုံးခိုးစားနိုင်တဲ့ ကလေးတစ်ယောက်လို ပြုံးပျော်နေတတ်တယ်။

You've reached the end of published parts.

⏰ Last updated: Oct 15, 2022 ⏰

Add this story to your Library to get notified about new parts!

ဆန်ကုန်မြေလေးရည်းစားဟောင်းရဲ့အဖေနဲ့ကွာရှင်းပြီးမှ ငါလေးမှာကိုယ်ဝန်ရှိ။[ဘာသာပြန်]Where stories live. Discover now