1

13 2 0
                                    

[Unicode]

SIDES

အချိန်- စံတော်ချိန်အရ
မနက် သုံးနာရီ

နေ့စွဲ- ၂၃ရက် ဖေဖော်ဝါရီလ
၂၀၁၅ ခုနှစ်

ဖြစ်ပွားရာနေရာ- နေပြည်တော် ပျဉ်းမနားမြို့၌
ဖြစ်သည်။

သက်သေ- ရှာဖွေတွေ့ရှိခြင်းမရှိ။

သံသယတရားခံ- မရှိ။

အကြောင်းအရာ။ ။ လေးနှစ်သားအရွယ်
ကလေးပျောက်ဆုံး။

လိင်- အမျိုးသား။

ပျောက်ဆုံး- နှစ်ဆယ့်လေးနာရီကြာမြင့်။
ကြာချိန်

မှတ်ချက်။ ။( သေဆုံးခန္ဓာကိုယ် သို့မဟုတ်
ခြိမ်းခြောက်စာ သို့မဟုတ်
ပြန်ရွေးငွေတောင်းခြင်း မရှိ)

အမှုကြာချိန်- ၅လကြာမြင့်။

အမှုပိတ်သိမ်းချိန်- ဇူလိုင်လ ၆ရက် စနေနေ့။

ပြီးပြည့်စုံလှသောမိသားစုတစ်ခု ပတ်ဝန်းကျင်ရဲ့ လက်ညိုးထိုးမှုကြားမှ ကလေးတစ်ဦးအား ဖန်ပြွန်သန္ဓေသားယူကာ မိသားစုထူထောင်ခဲ့ကြသည်။ ထိုလူတွေကား မင်းဘုန်းမြင့် နှင့် လမင်းညီ ဆိုသော အမျိုးသားနှစ်ဦး။ လိင်တူစုံမက်မှုကြောင့် မိဘအသိုင်းအဝိုင်း အပေါင်းအသင်း မိတ်ဆွေ အဘက်ဘက်ကနေ ကြုံလာရတဲ့ ပြသာနာတွေကြားကနေမှ ထိုလူသားနှစ်ဦး လက်ထပ်ကြဖို့အထိ ရုန်းကန်ခဲ့ကြ၏။

'"ရှစ်နှစ်တောင်ကြာခဲ့ပြီပဲ လမင်းရယ်...မင်းလည်းစိတ်လျှော့ပါ ကိုယ်တို့သားလည်း ကောင်းမွန်တဲ့နေရာ ရောက်နေမှာပါ '''

လမင်းညီ သက်ပြင်းသာ ခပ်သာသာချမိတော့သည်။ ရှစ်နှစ်.....ရှစ်နှစ်သာကြာသွားခဲ့၏။ သား၏ သတင်းကား အစအနပင်မရခဲ့ချေ။

'''မင်းအလုပ်သွားရမှာမလား... သွားပါ ငါ့ကို စိတ်သိပ်မပူနဲ့ '''

'''အင်းပါ..... သားအခန်းသွားငိုမနေနဲ့ဦး '''

ခေါင်းငြိမ့်ပြမိလိုက်သလားတောင် ကိုယ့်ကိုကိုယ်လည်း သတိမမူမိတော့ပါချေ။ သူနှင့် အတူတူနေပြီးကတည်းက စိတ်ချမ်းသာခဲ့ရပါတယ်။ သားလေး ကိစ္စမတိုင်ခင်အထိပဲ။ သားကိစ္စမှာ သူရော ကိုယ်ပါ အပြစ်မရှိကြပေမယ့် သူ့ကို ကြည့်ရတာ သိပ်မပူပန်သလိုပဲ။

You've reached the end of published parts.

⏰ Last updated: Oct 16, 2022 ⏰

Add this story to your Library to get notified about new parts!

HIDDENWhere stories live. Discover now