"မင်းကို ချစ်မိတာ ငါ့ဘဝမှာနောင်တအရဆုံးပဲ"
"....... ငါ ..... ဟူး ....
ယုံပါတယ် ...မင်းနောင်တရနေပြီဆိုတာ ...ဒါပေမဲ့ အခုရော ငါ့ကို ချစ်သေးလား ?"" မင်းရဲ့မေးခွန်းကိုဖြေပြီးရင် ငါ့ပါးစပ်ကို ဆယ်ခါလောက်ပြန်ဆေးလိုက်ရမယ်ထင်တယ် ....
သန့်စင်သွားအောင်လေ , ဟက် ...""....... ငါတောင်းပန်ပါတယ် "
"တောင်းပန်စကားလား !
အန်မိတော့မလိုပဲ။
စိတ်ထဲကမပါတာတွေ မပြောစမ်းပါနဲ့ ဂျွန်ဂျုံးကု !""အရင်အချိန်တွေကိုပြန်သွားလို့မရတော့ဘူးဆိုရင်တောင် အခုလက်ရှိမှာ ငါမင်းကိုပျော်အောင်ထားပါမယ် .....ငါ့ဆီပြန်လာမယ်မလား ? ထယ်ယောင်း ....ကျေးဇူးပြုပြီး ...."
"ငါ ..... ငါ မင်းကို ဘဝတစ်ခုလုံးနဲ့ရင်းပြီး ချစ်ခဲ့တယ်လေ ....ငါမင်းကို ငါ့ရဲ့ စိတ်ဝိဉာဉ်ကိုပါ ပုံအပ်ခဲ့တာ ..... မင်း ...မင်းကတော့ .... တောက်ခ် .... ဒီစကားတွေကို ဘယ်တော့မှမပြောဖြစ်ခဲ့ရင်ကောင်းသား ! ....
အခုတော့ အဲ့စကားတွေပြောခဲ့တဲ့ငါ့ပါးစပ်ကို ၊ ငါ
ဆပ်ပြာနဲ့သာ ဆေးပြစ်လိုက်ချင်တော့တယ် ""ထယ် .... ထယ်ယောင်း အာ ..... နေပါအုံး ! ..."
ဒေါသကြောင့် ပေါက်ကွဲပြီး
နှစ်ယောက်စလုံးကို နာကျင်စေမဲ့စကားတွေ ပြောပြစ်ကာ အခန်းထဲက ထွက်သွားတော့မဲ့ထယ်ယောင်းရဲ့လက်မောင်းကို ဂျုံးကု လှမ်းဆွဲလိုက်ပြီး
ရင်ခွင်ထဲထည့်ထားလိုက်တော့သည်။...........................................
သူ့ရဲ့ကျောပြင်လေးကို အသာလေးပုတ်ပေးပြီး
လက်မောင်းတွေကြားထွေးပွေ့ထားတာမလို့
ဂျွန်ဂျုံးကုရဲ့နွေးထွေးမှုကို ထယ်ယောင်းခံစားမိတယ်။"ငါ့ကို လွှတ်လိုက် ...."
"....... "
"လွှတ်လို့ !!"
အကြမ်းပတမ်းရုန်းတာတောင်
လွှတ်မပေးတဲ့ဂျုံးကုကြောင့်
ပိုပြီးဒေါသထွက်ကာ
သူ့ခေါင်းကိုထိန်းကိုင်ထားတဲ့
ဂျုံးကုရဲ့ညာဘက်လက်ဖျံကို
ကိုက်ချပြစ်လိုက်တော့သည်။
![](https://img.wattpad.com/cover/324429834-288-k56073.jpg)
YOU ARE READING
Hold Me Tight
Fanfiction"ကိုယ့်ရဲ့စစ်မှန်တဲ့ဆုတောင်းတွေကို archangel ‛Sandalphon'သာ ဘုရားသခင်ထံ သယ်သွားပေးခဲ့မယ်ဆိုရင် ...... မင်းနဲ့ ဘဝတိုင်း အတူပေါင်းဖက်ပါရစေ " Pairing - Jeon Jungkook, Kim Taehyung Drama Two short!