Part 7 (uni/zawgyi)

9.1K 383 27
                                    

🌻ဇာမဏီ၏ချစ်ပုံပြင်🌻
~~~~~~~~~~~~~~~~
Part _7

ညိုကိုယ်လေးဟာတင်းကျပ်စွာပွေ့ဖက်ခံလိုက်ရကာ လေထဲတစ်ချက်ဝေ့ခံလိုက်ရလေကာ ညိုလက်ထဲက သကြားမုန့်လေးဟာလည်း မြေပြင်ပေါ်ပြုတ်ကျသွားလေတော့သည်....

"မောင် ရှာတွေ့ပြီကွ  ရှာတွေ့ပြီ"

"လွှတ်.... ဖယ်....လွှတ်"

"ဟေ့လူ နင်ဘာလုပ်တာလဲ"

တည်ငြိမ်လင်းသန့်လည်း တစ်ဖက်ကရဟတ်တွေချားတွေကိုကြည့်ရင်းစိတ်ဝင်စားနေတုန်းညိုအသံကြားတော့ကြည့်လိုက်ရတော့လူတစ်ယောက်ဟာ ညိုကိုတင်းကျပ်စွာဖက်ထားလေသည်.....

ညိုဖက်ကအတင်းရုန်းကန်တော့ခန္ဓာကိုယ်ကိုခွာလိုက်ပေမယ် သူရဲ့လက်နှစ်ဖက်က ညိုလက်မောင်းတွေကို တင်းကြပ်စွာဆုပ်ကိုင်ထားလေသည်...

"ကျွန်တော်ကိုကြည့် မမ ကျွန်တော်လေ"

ကျွန်တော်ကိုကြည့်ကျွန်တော်လေဆိုသောသူကိုညိုသေချာကြည့်လိုက်ချိန် တစ်ခေါင်းလုံးခရမ်းရောင်ဆိုးထားကာ အရင်ကထက်အသားတွေပိုဖွေးဥလာတဲ့ကောင်လေး..အံ့သြဖို့ကောင်းစွာညိုဟာထိုကောင်လေးကိုမှတ်မိနေပါသည်....ညိုကိုအိမ်ထောင်မရှိဘူးထင်ဟာလိုက်ခဲ့သောကတစ်ခါ ဒေဝီမွေးနေ့ပွဲမှာတစ်ခါအဲ့နေ့မှာဘဲညိုဓါးရှလို့သူ့ရဲ့စိုးရိမ်တကြီးကြည့်နေသောမျက်ဝန်းတွေ သူတို့သူငယ်ချင်းတွေအိမ်လာလည်တုန်းက ညိုကထမင်းမကျန်လို့ သုတမင်းဇော်သောင်းကျန်းလို့ မမေဘယ်အဆူခံရတဲ့နေ့တုန်းက ညို့အစားမကျေမနပ်ဖြစ်နေတဲ့ရုပ်လေးနဲ့ခံပြင်းနေပါသောကောင်လေး မတွေ့ရတာကြာပေမယ့် ညိုဟာသူ့ကိုမှတ်မိနေပါတော့သည်....

"မင်းက ဒေဝီသူငယ်ချင်းဘဲ"

"ဟုတ်တယ် ကျွန်တော်လေ ဘုန်းဇာမဏီသစ်"

"အင်း အင်း လက်ကိုလွှတ်ပါ"

"ညို"

အတည်က ဘယ်သူလဲဘာလဲဟု တံတောင်နဲ့ တွတ်ကာမေးလေသည်....

"သူက ဦးဆန်းထူးတူမဒေဝီမင်းဇော်သူငယ်ချင်း "

"ဘာ သူက အဲ့ဟာတွေနဲ့ပက်သက်တဲ့သူပေါ့လေ"

🌻ဇာမဏီ၏ချစ်ပုံပြင်🌻Where stories live. Discover now