ဘယ်လောက်ပဲ အော်ပြောပြော မကြားနိုင်နဲ့ရပ်ဝန်း

1.7K 139 4
                                    


        ကျွန်မ အသက် ၂၁ နှစ်မှာ ပထမဆုံး ရည်းစား ထားခဲ့တယ် ။ စကားမစပ် ကျွန်မဟာ Lesbian တစ်ဦးပါ ။ ဦးဆုံး ရည်းစားမို့ အချစ်လည်းပိုခဲ့ရသလို သံယောဇဉ်နဲ့ ချည်နှောင်ခဲ့တဲ့ ကြိုးလေးမို့ ကျွန်မအတွက် လည်း လွန်စွာ တန်ဖိုးရှိပါတယ် ။ သို့ပေမဲ့ ရေစက်ဟာကုန်ချိန်ရောက်လာတော့ ၁နှစ်နဲ့ ၆လ ဝန်းကျင်မှာ ကျွန်မ တို့ ကြိုးလေးဟာ အတ္တတွေ မာနတွေနဲ့အဆင်မပြေမှုတွေရဲ့ ဖိနှိပ်မှုတွေကြောင့် ပျက်စီးသွားခဲ့ပေမဲ့ အစွဲကြီးတဲ့ ကျွန်မဟာ ထိုကြိုးလေးကို ပြန်ဆက်ပေးဖို့ ၁နှစ်နီးပါး စောင့်ဆိုင်းခဲ့တယ်။ စိတ်ကို ဦးစားပေးတဲ့သူ နှလုံးသားကို သနားတဲ့ သူတစ်ယောက်ကို တော်တော့်ကို အဆင်မပြေပေမဲ့ ကောင်းစွာဟန်ဆောင်နိုင်ခဲ့တယ် ၊အချိန်ကာလ တစ်ခုထိပေါ့ ...ကျွန်မဟာ နည်းနည်းရှေးဆန်တဲ့အယူရှိတဲ့ မိန်းမတစ်ဦးမို့ ၊ဟိုးယခင်က စီးကရက်နဲ့ မိန်းကလေးဟာ လားလားမျှ မဆိုင်လို့ သတ်မှတ်ခဲ့ဖူးပေမဲ့ ကျွန်မဟာ စီးကရက်တွေစသောက်လာတယ် ။ ပြန်လာမလားဆိုတဲ့မျှော်လင့်ချက်တစ်ခုနဲ့ သူပြန်လာရင် အဆင်သင့်ဖြစ်အောင်ဆိုပြီး အခြား ချစ်ခြင်းနဲ့ကမ်းလှမ်းတဲ့လက်များကို ပယ်ချခဲ့တယ် ။ တစ်နှစ်ပြည့်ဖို့ ၁လ လောက်အလိုမှာ ကျွန်မဟာ ဒုတိယအကြိမ်မြောက် ပြန်ဆက်ဖို့ကြိုးစားခဲ့ပေမဲ့ ငြင်းဆိုခံခဲ့ရတော့ ကျွန်မဟာ တော်တော်ပင်ပန်းပြီး မေတ္တာလမ်းရဲ့ အချစ်ခလုတ်ဟာ error တွေစတက်လာတော့တယ် ။

အဲ့အချိန် .....

        ကျွန်မဟာ Cate Blanchett ရဲ့ Fan တစ်ယောက်ဆိုလည်း မမှားပါဘူး ၊ ဒါကြောင့် twitter မှာ သူ့fandom တွေရဲ့အကောင့်ကို follow လုပ်ထားခဲ့တယ် ။ Cate ဟာ Hollywood မင်းသမီးတစ်ယောက်ဆိုတော့ နိုင်ငံတကာမှာ သူ့Fanတွေကလည်း အပြည့်ကိုး ။ အဲ့နေ့က မှတ်မှတ်ရရ Cate Blanchett နဲ့ Sandra Bullock ကို shipကြသလို သူ့တို့နိုင်ငံမှာလည်း Host နဲ့ မင်းသမီးတစ်ယောက်ကို shipနေကြတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ videoတစ်ခုတက်လာခဲ့တယ် ။ အဲ့နိုင်ငံကို ကျွန်မဟာ ရှိတာတော့ သိရဲ့ သို့ပေမဲ့ သတိမမှုခဲ့ဘူး ။ ထိုနိုင်ငံက အီတလီ ။ အကြည့်တချက် အပြုံးတစ်ချက်မှာတင် မှောင်မိုက်နေတဲ့ကျွန်မရဲ့ ကမ္ဘာ ဟာ အလင်းတန်းလေးပြန်မြင်လာခဲ့တယ် ။ ကျွန်မ ဖြစ်တည်မှု သူမသိချေ။ ဦးဆုံး သတိထားမိလိုက်တာ သူ့ရဲ့ မျက်ဝန်းတွေနဲ့ Cate လို blonde ဖြစ်နေတဲ့ ဆံပင်အရောင် ။ သူ့မျက်ဝန်းတွေက အညိုရောင်လေးတွေရှင် ။ ထို့နေ့က ၆လပိုင်း ၂၁ရက်နေ့  ၊ ကျွန်မသူ့ကို သဘောကျမိသွားတယ် ။ မဟုတ်ဘူး ချစ်မိသွားတယ် ။ သူ့နာမည်က Mary ...
မြင်မြင်ချင်း ချစ်တယ် ဆိုတာ ဒါမျိုးလားလို့ ကျွန်မတွေးလိုက်မိတယ် ။ ဒီလိုနဲ့ ကျွန်မထက် အဆ၂၀လောက် အသက်ကြီးတဲ့အမျိုးသမီးတစ်ယောက်ကို ကျွန်မ ချစ်မိသွားတယ် ။

🎉 You've finished reading မပိုင်ဆိုင်ရရင်တောင် ချစ်တာလေးတော့ သိစေချင်တယ် အချစ်ရယ် 🎉
မပိုင်ဆိုင်ရရင်တောင် ချစ်တာလေးတော့ သိစေချင်တယ် အချစ်ရယ်Where stories live. Discover now