Part-27

896 41 2
                                    

        "မပြေလည်နိုင်အောင် သူကကြံရွယ်တယ်...
          ရင်မှာအချစ်အားလေးညှိုးငယ်ရပါတယ်
           ပြေလည်အောင်ဖြေရှင်းပါမယ်လေ...
         အယူခံဒီစကားလေးပြောပြတော့မယ်

       အကြင်နာဆုံး မောင့်ရဲ့အချစ်ဆုံးရေ....
နေပါဦး မုန်းလိုက်တော့မှာလားလေ
         ကြင်နာတဲ့သူလေးရှောင်ပြေးလေတော့
ကိုယ်တစ်ယောက်တည်း ခုတော့ကြေကွဲပြီ

       ( ကြင်သူရေ ...ကိုယ်တစ်ယောက်တည်းဆွေးပြီ
       အချစ်ကြီးချစ်ခဲ့မိလို့အမုန်းကြီးမုန်းပြီလား
       တယူသန်ပဲဆုံးဖြတ်တော့မှာလား မေရယ်
      အကျိုးအကြောင်းလေး မောင်ပြောပြမယ်...

       ကြင်သူရေ ‌....ခေါ်သံလေးကြားရင်
      အချစ်ဟောင်းလေးကို ခဏလောက်လှည့်လို့ကြည့်ပါဦး
      ပြန်လည်လို့ချစ်ခွင့်ပေးပါဦးလား....
      နောက်တစ်ယောက်တော့မချစ်လိုက်နဲ့ကွယ်..

       အချိန်တွေကြာကြာ မေ့ထားနိုင်သူရယ်...
      ဒိုင်ယာရီဟောင်းလေးအလွမ်းတွေပြည့်ပြီကွယ်
       အနိုင်ယူပါကွယ် တောင်းပန်ပါတယ်...
       မေရေ ကိုယ်အရှုံးလေး ပေး,ပေးလိုက်မယ်....

         ရှောင်ဖယ်ကာ စိမ်းကားမှာလားလို့
        အကြင်နာလေးများလည်းပေးသနားပါဦးကွယ်..
        ကြေပါတော့ အချစ်ဦးရန်ငြှိုးတွေရယ်..
        အယူခံတေးလေးနဲ့ ကိုယ်(မောင်)ချော့မယ်....)×2

              ထိုအသံသည်ကား ညနေတစောင်းအချိန် စာရေးခုံရှေ့တွင် Titrationတွက်နေရင်း အသံကုန်ဟစ်ကာအော်ဆိုနေသော ရာရာ၏အသံပင်ဖြစ်ပါသည်။နေ့လည်ကတည်းက  အစ်မကြီးတစ်ယောက်မူးလဲသွားသည်ဟုဆိုကာ ဒေါက်တာ့အားလာခေါ်သွားကြသည်။ယခုအချိန်ကျမှလူနာကြည့်ပြီး ခြံထဲသို့ဆေးအိတ်ကလေးကိုင်ကာ ၀င်လာသော ခေတ်ဟန်အား ရွဲ့ပြီးဆိုလိုက်ခြင်းဖြစ်သည်။ထိုလူ အုံးလွဲနေ၍ မလှည့်နိုင်မှန်းသိ၍ တမင်ဆိုနေခြင်းဖြစ်သည်။

              နေ့လည်လောက်ကတည်းကသွားပြီး ယခုအချိန်ကျမှပြန်လာသော လူအား စကားပင်မပြောချင်လောက်အောင်စိတ်ဆိုးနေပါသည်။ထိုလူက သူ့ကိုမြင်သော်လည်း တစ်ချက်သာကြည့်ပြီး အိမ်အပေါ်ထပ်သို့တက်သွားသည်။ခဏအကြာတွင် တဘက်တစ်ထည်ကိုင်ကာ အောက်သို့ဆင်းလာသည်။ထိုလူ ဘာဖြစ်နေမှန်းမသိ။အရင်ကဆိုလျှင် သူ့အားတကပ်ကပ်လုပ်နေတတ်သည့်လူက အခုတော့ပြုံးတောင်မပြတော့ပေ။

ချစ်ခြင်းတည်စေWhere stories live. Discover now