Part-17(Uni)

1.1K 124 25
                                    

"ဘာလို့ဖြစ်လို့မိုးချုပ်တာလဲ? နေဝန်း..."

"ကျွန်တော်အသိတစ်ယောက်နဲ့စကားပြောနေရင်းကြာသွားတာအဖေ..."

"တေဇတောင်ညနေ၄နာရီလောက်ကဖုန်းဆက်သေးတယ် ပြန်လာပြီလားဆိုပြီး..."

အဖေပြီးတော့ မမကြီးကဆက်မေးလာသည်။ သူ့မှာတရားခံလေးလိုအနေကြပ်စွာပြန်ဖြေနေရသည်။ ဘာမှမမေးသေးတဲ့အငယ်ကောင်နဲ့အမေကသူ့ကိုကြည့်နေကြသည်။ ထမင်းဝိုင်းထဲမှာအားလုံးရဲ့အကြည့်တွေသူ့ဆီရောက်နေသည်မို့နေခက်တာတော့အမှန်ပင်။

"ဟုတ်လား ကျွန်တော့်ဖုန်းကိုတော့မဆက်ဘဲ..."

"ဆက်တယ်မကိုင်လို့တဲ့..."

"အသံတိုးထားမိလို့..."

"နောက်နေ့နောက်ကျမယ်ဆို အိမ်ကိုဖုန်းဆက်ပြောဦး...
အိမ်ကလူကြီးတွေကစိတ်ပူနေရတယ်..."

"ကျွန်တော့်အသက်မငယ်တော့ပါဘူး ပြီးတော့ကျွန်တော့်ကိုရန်လုပ်မယ့်လူလည်းရွာကြီးမှာမရှိပါဘူး..."

တခါတလေနောက်ကျတာကိုတရားခံသလိုစစ်မေးနေတာကြောင့် သူစိတ်ဆိုးကာ ထမင်းဝိုင်းမှထလိုက်သည်။ နေဝန်းရဲ့အကျင့်ကသူစိတ်ဆိုးပြီဆိုအခုလိုလုပ်နေကျဖြစ်သည်။ အထူးသဖြင့်ထမင်းဝိုင်းမှာသူ့ကိုရည်ညွှန်းပြီးစကားများများပြောရင်သူအရမ်းစိတ်ဆိုးသည်။

"နေဝန်းကအသက်မငယ်တော့ပါဘူး ညည်းတို့အဲ့လိုလိုက်ပြောနေတော့အနေကျဉ်းကြပ်မှာပေါ့.."

"သမီးကစိတ်ပူလို့ပြောတာပါအမေ..."

"သူလည်းသူ့ကိုယ်သူထိန်းနိုင်တဲ့အရွယ်ရောက်နေပါပြီ...
ထမင်းမစားဘဲထထွက်သွားပြန်ပြီ ဟင်းဖယ်ထားလိုက်ဦး..."

"ဟုတ်..."

စိတ်ဆိုးနေသူကတော့ အပေါ်ထပ်ကသူ့အခန်းထဲဝင်ကာ ကုတင်ပေါ်မှာထိုင်နေသည်။ နေဝန်းထမင်းလည်းသိပ်မဆာပါ။ ပြန်လာကတည်းက ဘာလို့နောက်ကျတာလဲပဲလိုက်မေးနေတဲ့မမကြီးကိုအရမ်းစိတ်ဆိုးသည်။ နေရာတကာစိတ်ပူနေရအောင် သူ့အရွယ်က၁၇/၁၈လည်းမဟုတ်။ မှန်ရှေ့သွားပြီး အင်္ကျီကော်လံကိုဆွဲပြီးကြည့်ကြည့်တော့ အရာလေးကရဲနေသည်။

ကန့်သတ်ထားသည့်နယ်နိမိတ်စည်းမျဉ်းကိုကျော်လွန်၍Where stories live. Discover now