အပိုင်း (၄)

584 61 8
                                    




          " နှလုံးသားကို ရင်း၍ အမှောင်မှ
                     လွတ်ရစေမည် "

           အပိုင်း ( ၄ )

အင်းတောတွေက စိမ်းစို အုပ်မှိုင်းနေသည်။
နံနက်ခင်း စောစောမို့ မြူတွေဆိုင်းပြီး အေးစိမ့်စိမ့် ဖြစ်နေသည်။ ကြီးမာလှသော သစ်ပင်အိုကြီး၏ ခြေရင်း၌ သမင်မကြီး တစ်ကောင်
ဇီး(ကိုယ်ဝန်) အရင့်အမာနှင့် ရှိနေသည်။

များမကြာမီပင် သမင်မကြီး မီးဖွားသည်။
ပျိုမျစ်နုနယ်သော သမင်မလေးတစ်ကောင်။
ရက်အနည်းငယ်ကြာတော့ ထိုသမင်မလေးဟာ
ပြေးလွှားဆော့ကစား နေသည်။

"...."
အနံ့ခံမိလို့ သမင်မလေး လှည့်ကြည့်တော့
သူနှင့်အရွယ်တူ သမင်ထီးကလေး။
သမင်ထီးကလေးက သွားဖြီးပြသည်။
သမင်မလေးကလည်း ပြန်၍ ပြုံးပြသည်။
ဒီလိုနှင့် သူတို့ခင်သွားကြသည်။

သူတို့ ၂ ကောင်ဟာ ကစားဖော်ကစားဖက်
ဖြစ်လာသည်။ ထူးဆန်းသည်က သမင်ထီးလေးက
သူမ ဘယ်နေရာ ရောက်ရောက် ရှိနေခြင်းပင်။

လတွေ, နှစ်တွေ ကြာလာတော့ သမင်မလေးဟာ
သမင်ပျိုမလေး ဖြစ်လာသည်။
သမင်ထီးလေးဟာလည်း ချိုကြီး တစ်ဝင့်ဝင့်နဲ့
သမင်ကြီးတစ်ကောင် ဖြစ်နေချေသည်။

သမင်မလေးကို မိတ်လိုက်ချင်သည့် သမင်ထီးများက အများသားပင်။ သို့သော်
သူ့သူငယ်ချင်း သမင်ထီးကြောင့် အနားမကပ်ရဲကြ။

ဒီလိုနဲ့ ဖေဖော်ဝါရီလ၏ တရက်ကျတော့ သမင်ထီးလေးက ရွံလူးနေသည်။ သမင်မလေးက ခြုံအကွယ်ကနေ
ငေးမောကြည့်နေသည်။
ကားစွင့်နေသည့် ဦးချိုများ , တောင့်တင်းခိုင်မာသော ခြေထောက်များက သမင်မလေးကို
ဆွဲဆောင်နေသည်။

' အို ....'
သမင်ထီးလေး၏ မမြင်အပ်ဖွယ်ရာ
တစ်ခုကို မြင်လိုက်ရသဖြင့် သမင်မလေး ရင်ဖိုသွားသည်။ ဒူးတွေ ညွှတ်ခွေသွားသည်။

လှုပ်ရှားမှုတစ်ခုကို ကြားလိုက်ရ၍ သမင်ထီးလေး ခေါင်းထောင်သွားသည်။ လှုပ်ရှားမှု ဖြစ်ပေါ်ရာ ခြုံပုတ်လေးဆီ ငေးကြည့်နေသည်။

မြေပြင်တွင် ဒူးထောက်ရက်သားလေး
အပူမိနေသော သမင်မလေး..။
ဒူးလေးတွေ ညွတ်ပြီး ဖင်မူးတောင်းလေး
ထောင်နေသည်။

"နှလုံးသားကိုရင်း၍ အမှောင်မှ လွတ်ရစေမည် "Where stories live. Discover now