𝐋𝐎𝐕𝐄 𝐢𝐬 𝐋𝐎𝐕𝐄 💕 Ep 8 (U&Z)

139 10 0
                                    

" သူငယ်ချင်းလို လုပ်မနေနဲ့ ၊ မင်းနဲ့ငါ ဘာမှ မပက်သက်ဘူး "

ရောင်နီက တကယ်ဘဲ လရောင်တမန်အပေါ်
အမြင်မကြည်သူပါ ၊ စတွေ့တဲ့ နေ့တည်းကပေါ့

" ဟမ့် ! ငါက ဘာလုပ်ပေးရမှာလဲ "

လရောင်ကတော့ အေးတိအေးစက်ပါဘဲ ၊ သူကလည်း အကြောမခံတဲ့ ပုံစံပါ

" တစ်ရုံးလုံးကို လာနှုတ်ဆက်မနေနဲ့ ၊ အခုကစပြီး မင်းနဲ့ပြောစရာ စကားကုန်ပြီ "

" ..................... "

ရောင်နီက ပြောပြီးပြီးချင်းဘဲ ၊ ထိုနေရာမှ ထွက်လာခဲ့သည် ။ ဒီအလုပ်က ရောင်နီ့အတွက် အရေးပါနေလို့သာ သည်းခံထားရတာကို လရောင်တမန်
ရိပ်မိသွားသည် ။ ကျောင်းတုန်းက ပုံစံသာဆို ရောင်နီက သူကိုယ်တိုင် မကြိုက်ရင် ဘာမှ မလုပ်တော့ ....

" နဲနဲတော့ ပြောင်းလဲသွားတယ် ..... ရောင်နီ "

လရောင်တမန်ရဲ့ နှုတ်ဖျားမှ ညင်သာစွာ ခေါ်လိုက်တဲ့ အသံက တစ်ခုခုကို သိနေပုံ

တဖြည်းဖြည်းနဲ့ ညနေစောင်းလာသည် ။
မန်နေဂျာ ဘုန်းခန့်ပိုင်က သူမပြန်ခင် အားလုံးကို သေချာမှာခဲ့သည်

" ဒီနေ့ ဌာနမှူး မွေးနေ့ကွ ၊ အဲ့တာ Supirse လုပ်ပေးမလို့ မင်းတို့အားလုံးက ပုံမှန်ရုံးဆင်းချိန်ဘဲ ပြန်လာ .... ငါကတော့ စီစဉ်စရာတွေရှိလို့ စောစော ပြန်နှင့်မယ် "

* ဟင် ငါလည်း မသိရပါလား ? ဟုတ်သား ရောက်တည်းက ဘယ်သူ့အကြောင်းမှ သေချာ
မသိဘူး *

ရောင်နီက သူလုပ်လက်စ အလုပ်ကိုဘဲ လက်စသပ်နေသည် ။ မထက်က ရုတ်တရက် ရောင့်နီအနားသို့ ရောက်လာပြီး

" ကြည့်ပါအူး အလုပ်တွေမြန်မြန် လက်စသပ်နေတယ် "

" ဟုတ် .... "

" ဒီနေ့တော့ ‌အိမ်တန်းပြန်လို့ မဖြစ်ဘူးနော် "

" ဗျာ ... ကျနော်ပါ လိုက်ရမှာလား "

" ဒါပေါ့ ၊ ဒီနေ့ ဘယ်သူမှ အိမ်မပြန်ရဘူး ၊ အကုန် ညစာစားပွဲလိုက်ခဲ့ရမှာ "

" ဟိုလေ ... မလိုက်လို့ .... "
ရောင်နီ့ စကားပင် မဆုံးသေး ၊ မထက်က ကြိုသိနေပုံရသည်

𝐋𝐎𝐕𝐄 𝐢𝐬 𝐋𝐎𝐕𝐄  💕 ( 𝐙&𝐆 )Where stories live. Discover now