Part 6

109 23 2
                                    

unicode

Loey ကတော့kyoongကိုလူသားဟုသိလိုက်ရကထဲက ပျော်သွားသည်ကအမှန် သူကလူသားတွေနဲ့ပတ်သတ်ပြီးအများကြီးသိချင်တာတွေရှိသည်။ တကယ်ပဲလူတွေကမကောင်းဆိုး၀ါးတွေကို မုန်းနေတုန်းလားဆိုတာပေါ့

သူအခုkyoongကို Daddyနဲ့အခြားသူတွေမမြင်ခင် loeyအခန်းထဲခေါ်ကာ ၀ှက်ထားခြင်းပင်။ kyoongကတော့ပြေးရင်းချော်လဲသွားကာ ယခုထိမေ့နေဆဲ။

တစ်ကိုယ်လုံးမှပတ်တီးတွေပြည်လျော့သွားသောအခါ တီရှပ်တစ်ထည် ဘောင်းဘီတိုလေးဖြင့်သာkyoongဟာ ကျန်ရှိနေဆဲပင်။ တကယ်ကို လူကောင်လေးကခပ်သေးသေး အသားအရည်ကမထိရက်စရာကောင်းစွာ ပန်းနုရောင်သမ်းပြီးဖြူဖွေးနေတာပင်။ loeyသာ daddyရဲ့ အသက်ရှည်ဆေးအမြှူတေသာ မသောက်သုံးထားလျှင် kyoongကို ကိုက်စားမိမှာအမှန်။

ပတ်တီးစည်းထားတုန်းကမမြင်ရသည့်မျက်နှာလေးဟာ အခုတော့ ပါးမို့လုံးလုံးတွေ နှာခေါင်းလုံးလုံး နှုတ်ခမ်းပါးပါးတွေဖြင့် puppyပေါက်လေးသဖွယ်ချစ်စရာကောင်းလွန်းနေသည်မို့ loeyအကြည့်မလွဲနိုင်။ပြီတီတီစကားတွေပြောတတ်လွန်းသည့်ထိုကောင်လေးက တကယ်ကို အသက်၂၄ ဆိုတာ loeyယုံလိုက်ရသည်။

"ဟက် ဒါများကိုကိုလို့ခေါ်ခိုင်းနေသေးတယ် "

နိုးလာရင်တော့ ရှင်းပြရမည့် အကြောင်းကိုတွေးရင်းloeyရင်မောမိသည်။ ဘယ်လောက်တောင်ကြောက်လန့်သွားလို့ ထွက်ပြေးခဲ့ရတာလဲ ။ မကောင်းဆိုး၀ါးတွေက အရင်လိုမဆိုးတော့ကြောင့်ပြောချင်ပါသည်။

"အင့်"

ရုတ်တရက်kyoongဆီမှ ညည်းညူသံလေးထွက်ပေါ်လာသည်။ကြည့်ရတာနိုးလာသည်ထင်။

"Kyoong kyoong!!"

Kyoongခေါ်သံကြောင့် အမြင်အာရုံ ေ၀၀ါးစွာ မျက်လုံးကိုအားယူဖွင့်ကြည့်မိတော့

"အင်းloey"

ရုတ်တရက်မို့မစဥ်းစားကာထူးမိပင်မဲ့ အသိပြန်လည်လာချိန်မှာတော့

"အားးးးးး"

အလန့်တကြားထအော်သည့် kyoongကြောင့် loeyပြာယာခတ်သွားရသည်။

"kyoong စိတ်အေးအေးထားပါ ကျွန်တော်ရှင်းပြပါရစေနော်"

"ကျွန်တော့်ကို သွေးဖောက်သောက်တော့မှာလား မလုပ်ပါနဲ့ဗျာ အိမ်ထောင်ပြုရအုန်းမယ် အိမ်ကအမေအိုကိုလည်း လုပ်ကျွေးပြုစုရပါအုန်းမယ်လွှတ်ပေးပါနော်"

HOTEL TRANSYLAVNIAWhere stories live. Discover now