Part-28

911 45 4
                                    

                      ညနေခင်း နေရောင်ဖျော့ဖျော့လေးသည် တရုတ်စံကားပင်ကြီးအောက်ရှိ ဒန်းလေးပေါ်တွင်ထိုင်နေသော ခပ်သေးသေးကောင်လေးထံသို့ကျရောက်နေသည်။ပုဆိုးအမြဲ၀တ်တတ်သော လွန်းသည် ရန်ကုန်ရောက်ပြီးကတည်းက အဂ္ဂ၏စနက်ဖြင့် တီရှပ်နှင့်ဘောင်းဘီတို့ကိုသာ၀တ်ရတော့သည်။

                     

                  တီရှပ်အဖြူရောင်နှင့်ဘောင်းဘီဒူးအတိလေးအား၀တ်ဆင်ထားသော ကောင်လေးသည် နေရောင်အောက်တွင်လှချင်တိုင်းလှနေတော့သည်။ပါးဖောင်းဖောင်းလေးနှစ်ဖက်သည် ပို၍ဖောင်းနေပြီး ပါးစပ်ကလေးတလှုပ်လှုပ်ဖြင့် တခုခုစားနေပုံပင်။မျက်လုံးဝိုင်းလေးများမှာ ပေကလပ်ပေကလပ်ဖြင့် တစ်ခုခုကိုအလေးအနက်တွေးတောနေဟန်ရှိသည်။နှုတ်ခမ်းဖူးဖူးလေးမှာလည်း ခပ်စူစူဖြစ်နေသည်။



"ဘာတွေစဉ်းစားနေတာလဲ လွန်းငယ်လေးရဲ့၊ဒီမှာ လွန်းငယ်လေးအတွက် Lactasoyယူလာတယ်၊ဗိုက်ဆာနေတာမလား ဒါလေးအရင်သောက်ထားလိုက်နော်"


                

                ယူသာယူလာပေးရတာ ဟိုကလေးက ပါးစပ်ထဲမှာတစ်ခုခုစားနေပုံပင်။နှုတ်ခမ်းစိုရဲရဲလေးက လှုပ်စိလှုပ်စိဖြစ်နေသည်မို့ စိတ်မထိန်းနိုင်လျှင်ကိုက်ဆွဲပစ်ဖို့သာရှိသည်။‌ကလေးပေါက်စ၏‌ညာဘက်တွင် သူကထိုင်နေသည်မို့ ဘယ်ဘက်ဘေးသို့လှမ်းကြည့်လိုက်တော့ အားပါးပါး ပေါက်စက သူ့ကိုချောင်းဆိုးမှာစိုးလို့ တစ်ခါစားရင် သုံးခုလောက်သာစားခိုင်းတဲ့ ဂျယ်လီတွေကို အ၀ကြိတ်နေတာပဲ။ဂျယ်လီဘူးကသေးသေးလေးမို့ တစ်ခါစားရင် သူ့ပါးစပ်ထဲသုံးခုလောက်ဆံ့မှာအသေအချာပင်။


                

               ဘူးခွံတွေကလည်း ဆယ်ခုထက်မနည်းတော့။စကားနားမထောင်ဘဲ လုပ်ချင်တာလုပ်ရလျှင် တစ်လောကလုံးကိုအပိုင်စားရထားသလိုပြုံးဖြီးနေသော ရုပ်ကလေးအားကြည့်ပြီး သူ့မှာ ဆူပဲဆူရမလို ပြေးပဲနမ်းရမလို။ထိုအချိန် ကလေးပေါက်က ဟီးခနဲရယ်ပြလာသည်မို့ ဆူမယ်ဆိုပြီး တွေးထားသောစိတ်များမှာ ကြက်ပျောက်ငှက်ပျောက်။



ချစ်ခြင်းတည်စေWhere stories live. Discover now