Ending or the start(1)

574 55 10
                                    

Unicode

ဇာတ်လမ်းတခုရဲ့အဆုံးလား? ဒါမှမဟုတ် ဇာတ်လမ်းတခုရဲ့အစပဲလား?

"မင်းကိုချစ်တယ် ဂျန်းကု"

"အကိုလိမ်နေတာ"

ဂျန်းကုအနောက်ကိုဆုတ်လိုက်မိသည်..

ဘေးပတ်၀န်းကျင်တခုလုံးမြူခိုးတွေနှင့်ပြည့်နေသလိုပင်..
လေးဘက်လေးနံလုံး အဖြူရောင်မြူတွေနှင့်သာပြည့်နေသည်..

"မင်းကိုချစ်တယ်"

"ကျွန်တော်မယုံဘူး!"

နောက်ဆုတ်မိသောခြေလှမ်းတွေနဲ့အတူ ရင်ဘက်ထဲကနာကျင်မှု...
အကိုသူ့ကိုမချစ်ပဲ လိမ်သည်..
သူကအဲ့လောက်တောင်သနားစရာကောင်နေပီလား...

"ဂျွန်းဂျန်းကု!!"

အကို့ရဲ့အသံဟာ အနည်းငယ်ဒေါသစွက်နေသလိုပင်..
သို့သော် သက်ပြင်းတချက်ချရင်း သူ(ဂျန်းကု)စီကိုပြေးလာတဲ့အကို..
ဂျန်းကု မျက်လုံးမှတ်လိုက်မိတော့ နဖူးထက်ကနွေးထွေးသွားတဲ့အငွေ့အသက်နဲ့အတူ နူးညံ့တဲ့အထိအတွေ့...
အကိုက..အကိုက သူ့နဖူးကို...

"ငါမင်းကိုချစ်တယ်ဆိုတာထက် ပိုတဲ့မြတ်နိုးခြင်းမျိုးနဲ့
မြတ်နိုးတယ် ဂျန်းကု..
ငါတို့အတူအစကပြန်စရအောင်"

သူရဲ့လက်ကိုဆုပ်ကိုင်လာတဲ့အကို့ရဲ့လက်ဟာ ပုံမှန်ထက်ပိုနွေးထွေးနေလေသည်..
အကို့ရဲ့ ခါးသိမ်သိမ်ကိုပွေ့ဖက်ရင်း သူပြောလိုက်မိသည်က..

"အကို့ကိုကျွန်တော်မြတ်နိုးတယ် ချစ်တယ်ဆိုတဲ့စကားကတောင်အကို့အတွက်မလုံလောက်ဘူး အကို"
.
.
.
.
.
.
.
.
.
.
"မင်းကိုချစ်တယ် ဂျန်းကု"

သူ့အရှေ့မှာ ရပ်နေတဲ့ဂျန်းကုကို သူချစ်တယ်လို့ပြောနေမိသည်..
သူဘာကိုမှစိုးရိမ်ကြောင့်ကြသည်မရှိ..

ဘာရယ်ကြောင့်မှန်းမသိပေမဲ့ သူဂျန်းကုကို ချစ်တဲ့အကြောင်းတွေပြောပြချင်နေမိသည်..

"အကိုလိမ်နေတာ"

ဂျန်းကုရဲ့မယုံကြည်ဟန်ဖြစ်နေတဲ့ မျက်၀န်းတွေ နောက်ဆုတ်သွားတဲ့ခြေလှမ်းတွေဟာ သူ့နှလုံးသားကိုနာကျင်စေသည်...

You've reached the end of published parts.

⏰ Last updated: Oct 27, 2022 ⏰

Add this story to your Library to get notified about new parts!

More than love {ချစ်သည်ထက်ပိုသော} (ခ်စ္သည္ထက္ပိုေသာ)Where stories live. Discover now