Unicode 2

266 34 2
                                    

ကျွန်မ ထိုကလေးမ လေးကို သတိထားမိခဲ့တာ ကြာပါပြီ။

ကလေးမ ဆိုသော်လည်း ကျွန်မနှင့် ၂ နှစ်လောက်သာ ကွာမှာပါ။

ကျွန်မ၏ ပုခုံးစွန်းကို မှီရုံ အရပ်နှင့် ဂုတ်ထောက် ဆံပင်တိုလေး ရှိသော ထိုကလေးမ က ပေါက်စနလေးလို အူယားစရာကောင်းသည်။

ကျွန်မက အသက် ၂၀။

နိုင်ငံရေး အခြေအနေတွေကြားမှာ ကျောင်းဆက်မတက်ပဲ အဒေါ်၏ Bakery ဆိုင်တွင် တစ်ဖက်က ကူညီ ရင်း ဝါသနာပါရာ စာပေနယ်ဖက် ခြေချဖို့ ကြိုးစားနေသူ။

တိုက်ခန်းတွေဆီ စ ပြောင်းပြီး တစ်ပတ်လောက်မှာ လိုအပ်သည့် ပစ္စည်းတွေ ဝယ်ဖို့ ထိုကလေးမတို့ ကုန်စုံဆိုင်လေးဆီ သွားဖြစ်တော့ နှာခေါင်းလုံးလုံးနှင့် ထိုကလေးမ က ကျွန်မ၏ အာရုံတစ်ပိုင်းတစ်စ ကို ဖမ်းယူသွားခဲ့သည်။

နောက်ရက်တွေလည်း ပစ္စည်းတွေ ဝယ်ရင်း ထိုကလေးမ လေးကို အူယားစွာ စောင့်ကြည့်ရတာအလုပ်တစ်ခု။

သို့သော် online class တွေနဲ့ ပြည့်ကြပ်နေဟန်ရှိသည့် အကောင်ပေါက်လေးက သူ့အလုပ်နဲ့သူ အာရုံများနေတတ်တာပဲ။

သူ့ကိုယ်သူ မီးငယ် လို့ သုံးတတ်သည့် ထို ကလေးမ ကို အသည်းယားစွာ စောင့်ကြည့်တတ်လာတာ ကိုယ်တိုင်ပင် သတိမထားမိခဲ့ပါ။

BLINK လေး မှန်း သိလိုက်ရသည့် အချိန်မှာ တော့ ကျွန်မ၏ အတွေ့အကြုံအရ ထို ကလေးမ သည်လည်း LGBT တစ်ယောက် ဖြစ်ရမည်ဟု တန်းတွေးနိုင်ခဲ့သည်။

Facebook acc ကို ပေးခဲ့ပြီး တိုက်ခန်းသို့ ပြန်ရောက်ရောက်ချင်းမှာပင် တက်လာသည့် friends requestလေးကို accept နှိပ်ကာ အသာအယာ ပြုံးမိရသည်။

ကျွန်မသည် ကျွန်မ နှင့် မတူစွာ ထိုကလေးမ ၏Wall ထဲ ဝင်ကြည့်မိရသည်။

ပုံမှန်ဆို new feed ကြည့်ဖို့တောင် ပျင်းနေတတ်သည့် ကျွန်မလို လူ ကလေ။

BLINK ပီသစွာ BLACKPINKနှင့်ပတ်သက်သည့် update များကို တင်ထားသည်က ခပ်များများ။

ဂုတ်ထောက်ဆံပင် တိုနံ့နံ့လေးကို စုချည်ကာ post ပေးထားသည့် သူ့ပုံကို တင်ထားသည်က 2 days ago တဲ့။

BLACKPINK Comeback Memo (Short story)Where stories live. Discover now