*니가 기억할 때까지 나는 너를 기다릴테니까
မင်းသတိရတဲ့ချိန်အထိစောင့်ပေးနိုင်ပါတယ်
그대여 나를 바라봐줘요..여전히 그대도 나를 사랑하나요?
မင်းလဲ့ကိုယ့်ကို ပြန်လှည့်ကြည့်ပေးပါ...အရင်လိုပဲ ကိုယ့်ကိုချစ်နေအုံးမလား*"ချစ်နေပါတယ်"
Haruto ရဲ့သီချင်းဆိုသံတိုးတိုးကို Jeongwooကဖြတ်ပြောလိုက်ခြင်းဖြစ်သည်
ဒီနေ့က သူတို့ ၃နှစ်ပြည့် နှစ်ပတ်လည်နေ့မို့ စတင်တွေ့ဆုံခဲ့ရာ ဂျူလျောင်းမိဘမဲ့ ဂေဟာလေးသို့ အလှူလုပ်ရန်သွားနေခြင်းဖြစ်သည်
ကားမောင်နေတဲ့ lutoကိုငဲ့ကြည့်ရင်း
"၂၁နှစ်တောင်ကြာခဲ့ပီပဲ"
"အွန်း နောက်နှစ် မင်းစစ်မှုထမ်းရတော့မယ်"
"ဘာ ဒီဂျပန်ကောင်တော့!! ငါက ၃၀နားနီးလဲ ချောနေတုန်းပဲ "
"ဘယ်သူက မချောဘူးပြောလို့လဲဗျ ကျွန်တော်မျိုး အသည်းအသက်က ဘယ်အချိန်မဆိုချောပီးသား"Lutoလက်မောင်းကို ဖွဖွထိုးတော့ ခပ်ဟဟရယ်သည် ...ထိုလူသားကိုငးကြည့်ရင်း
"ဆာရာငယ် အရူးကောင်"
"Bokumo daisuki da yo my woo"
(ကိုယ်လဲချစ်ပါတယ် my woo)အပြုံးကိုယ်စီနှင့် စနောက်ရင်း မကြာခင်ပဲ ဂျူလျောင်းမိဘမဲ့ဂေဟာသို့ရောက်ရှိလာသည်
ကားအနောက်ထဲက မုန့်တွေနဲ့ အရုပ်လေးတွေကိုချလိုက်တော့ ကလေးတွေတိုးကပ်လာ၏
ငယ်ငယ်က ရင်နှီးဖူးတဲ့ အခန်းခန်းအဆောင်ဆောင်...lutoနဲ့ပထမဆံုးတူတူရှိခဲ့ဖူးတဲ့ ချယ်ရီပင်ကြီး...တူတူဓာတ်ပုံရိုက်ဖူးတဲ့ willowပင်ကြီး
အရာရာသာမပြောင်းမလဲ....Willowပင်ကြီးကိုအကြည့်ေရာက်မိေတာ့ အပင်အောက်ကနေ ကလေးငယ်တစ်ယောက်က စူးစိုက်ကာကြည့်နေသည်...တစ်ေယာက်တည်း မတ်မတ်ကြီးရပ်နေတာမို့ Jeongwooတောင် ခပ်လန့်လန့်
ထိုစဉ်အနောက်ကလူ၏အသံကြောင့် လှည့်ကြည့်မိသည်
"ဆရာ!"
"အော် Jeongwooထင်တယ် ပြောင်းလဲသွားလိုက်တာ"ထိုဆရာကား Jeongwooအချစ်ဆုံးဆရာ
Jeongwooကိုအလိုအလိုက်ဆုံး ဂရုအစိုက်ဆုံးဆရာပင်"ဆရာက ဂေဟာမှူးပေါ့"
"အေးကွယ့် မင်းအဘိုးလာခေါ်သွားပီး ၁၀နှစ်လောက်ကြာတော့ အရင် ဂေဟာမှူးက နှုတ်ထွက်သွားတယ်လေ အဲ့တာကြောင့် ဆရာက တာဝန်ယူလိုက်ရတာ...ကြည့်စမ်း ငါ့တိုချောကလက်ေလးတောင် ဒီအရွယ်ရောက်နေပီပါ့လား"