Part-(5)

1.6K 43 3
                                    

Unicode

🦋အမုန်းများရဲ့အခြားတစ်ဖက်🦋
         Part-(5)
                     
"ကြီးမေရှေးဘာကူလုပ်ပေးရအုန်းမလဲ"

မီးဖိုချောင်းထဲဝယ်အလုပ်ရှုပ်နေသောကြီးမေရဲ့အနားသို့သွားကာရှေးမေးလိုက်တော့ပြုံးပြီးတော့ကြည့်လာကာ

"ရပါတယ်ကွယ်သမီးလေးလဲပင်ပန်းရောပေါ့နားတော့လေ"

"အာမဟုတ်တာကြီးမေရယ်ရှေးကလူငယ်ပါ...ဒါတွေကလဲလုပ်နေကျ...ပြီးတော့တော်ဝင်ကိုလဲစောင့်ရအုန်းမယ်"

ဒါပေါ့တော်ဝင်ကသူပြန်မလာမချင်း
မအိပ်နဲ့လို့ပြောထားတော့ရှေးမှာမအိပ်ရဲပေ...သူ့ကိုစောင့်နေရမယ့်အတူတူတော့ကြီးမေကိုဝိုင်းကူပြီးပဲစောင့်နေတာကပိုအကျိုးရှိမယ်မလား

"အင်းပါသမီးရယ်ဟိုကပန်းကန်လေးပဲဆေးပေးနော်"

"ဟုတ်ကြီးမေ"

ရှေးပြောပြီးဘေစင်ဆီကိုလာလိုက်ကာပန်းကန်များအားဆေးဖို့လုပ်လိုက်စဥ်ကျင်ခနဲဖစ်သွားရတဲ့ခံစားချက်ကြောင့်ကိုယ့်လက်ကို...ကိုယ်ပြန်ကြည့်လိုက်တဲ့အခါမှနေ့လည်ကဖန်ကွဲစရှထားတဲ့ဒဏ်ရာကိုသတိရတော့သည်။

လက်ကပတ်တီးစီးထားပေမယ့်သွေးစလေးတွေကပတ်တီးဖွေးဖွေးလေးတွေပေါ်မှာပေါ်လွင်နေတော့သည်။

"တီ"

ထိုစဥ်ကားဟွန်းသံကြား၍...သူမပန်ကန်တွေကိုထားခဲ့ကာ

"ကြီးမေရှေးနောက်မှဆေးပေးမယ်နော်"

"အေးသမီးဖြေးဖြေးသွား"

ကြီးမေကဖြေးဖြေးသွားခိုင်းပေမယ့်လဲသူမကတော့မဖြေးနိုင်ပါတော်ဝင်ဆီကိုသာအမြန်ပြေးသွားမိသည်။

"တော်ဝင်...ပြန်လာပြီလား"

"အွန်း...ပြန်လာပြီ"

တွေ့လားအရမ်းအေးစက်လွန်းတယ်ဖြေပုံကိုကနှုးညံမှုမရှိဘူး...

"ပေးလေအိတ်ကိုင်ပေးမယ်"

သူမမရဲတရဲလေးဖြင့်တော်ဝင်အားပြောလိုက်တော့...

"မလိုပါဘူး...ငါလက်ပြတ်နေတာမဟုတ်ဘူး...ပြန်လာထဲကအမောကိုမပြေရဘူး...ဖယ်"

အမုန်းများရဲ့အခြားတစ်ဖက်Where stories live. Discover now