Part 3(Unicode)

2.9K 215 26
                                        

ဦးကောင်းစည်သူ(Kaung Thar Myanmar Construction Co.,Ltd)+ ဒေါ်ရီရီခ(Golden Floral Service Centre)တို့၏ သားငယ်၊
မမေကောင်းခ၏ မောင်ငယ်၊ မောင်မြတ်ကောင်းခ၏ ညီငယ်၊ မောင်စေညွှန်းမြင့်မိုရ်၏ အစ်ကို၊
မောင်​ထူး​မြတ်ကောင်းနှင့် မလဝန်းခတို့၏ ဦးလေးဖြစ်သူ

မောင်ဇွဲကောင်းခ B.C.Sc(Software Engineering) နှင့်

ဦးကျော်စွာမိုး(Shwe ThitSar Trading Co.,Ltd)+ ဒေါ်ဆွေဇင်ဦး (အငြိမ်းစားကျောင်းအုပ်ဆရာမကြီး)တို့၏ တစ်ဦးတည်းသောသမီးဖြစ်သူ

မနှင်းနဒီဝေ B.Com(Hons.) တို့၏

မင်္ဂလာဧည့်ခံပွဲသို့.......

ဖိတ်စာထဲက နာမည်တွေကို မိုရ် ထပ်တလဲလဲဖတ်နေမိတယ်။
"မောင်စေညွှန်းမြင့်မိုရ်၏ အစ်ကို"ဆိုတဲ့ နေရာရောက်တိုင်း သူ့ရဲ့မျက်လုံးက မှုန်ရီဝေဝါးလာခဲ့တာ သူကလည်း ဒီအိမ်ရဲ့ တစိတ်တပိုင်းအဖြစ် အသတ်မှတ်ခံရလို့ပဲလား...။
ဒါပေမယ့် မမကြီးနဲ့အစ်ကိုလေးတို့ရဲ့ မင်္ဂလာဖိတ်စာတွေကို ဖတ်တုန်းကတော့ မိုရ် ဒီလိုမျိုး မခံစားခဲ့ရဘူး။

ကိုးနှစ်သားအရွယ်မိုရ်က မမကြီးဖတ်ပြတုန်းက
တစ်ခေါက်ပဲ ဒီတော်စပ်မှုတွေကို နားထောင်ခဲ့တယ်။ စေညွှန်းမြင့်မိုရ်၏ အစ်မဆိုတာကို သူသဘောကျပေမယ့် ဒါတွေက မင်္ဂလာဆောင်မှာ ကျွေးမယ့်မုန့်တွေထက် သူ့ကို ပိုပြီး မဆွဲဆောင်နိုင်ခဲ့ဘူးလေ။ ဆယ့်တစ်နှစ်သား မိုရ်ကျတော့လည်း မထူးမခြားနားဘဲ။ အိမ်သားတွေရှေ့ အစ်ကိုလေးရဲ့ ဖိတ်စာက နာမည်တွေကို အသံမိုင်ကုန်ဖွင့် ဖတ်ပြခဲ့တဲ့ နောက်ပြောင်မှုမျိုးပါ အဆစ်ပါတယ်။ နှစ်ခါစလုံးပါပဲ....မိုရ်မှတ်မိသမျှက ပျော်နေတဲ့ ခံစားချက်တွေချည်း....။

"စေညွှန်း...မင်းအစ်ကိုက ချောလိုက်တာနော်။ အစ်မကြီးကလည်း တော်တော်လှတယ်။ ရုပ်ရှင်မင်းသားနဲ့ မင်းသမီးလိုပဲ နှစ်ယောက်အတူတူ ရှိနေတာ ကြည့်လို့ကောင်းလိုက်တာ..."

"ဟုတ်တယ်ကွ နာမည်တွေကအစ လိုက်ဖက်ညီနေတာ...။ မောင်ဇွဲကောင်းခနဲ့ မနှင်းနဒီဝေတဲ့။ ငါတော့ အခုကတည်းက သူတို့သားသမီးတွေနာမည်ကိုပါ စိတ်ဝင်စားနေပြီ။စေညွှန်း...မင်းအစ်ကိုရဲ့ ကလေးကင်ပွန်းတပ်ပွဲကျရင်လည်း ငါတို့ကိုဖိတ်လိုက်ဦးနော်"

ရောင်စုံများရဲ့ အခြားတစ်ဖက်(U/Z)Место, где живут истории. Откройте их для себя