Part-29

828 46 7
                                    

                  မဟာနှင့်သုတတို့သည် ဒန်းပေါ်ရှိ ကဲကဲသည်းသည်းအတွဲအား တမင်လျစ်လျူရှုကာ မသိချင်ယောင်ဆောင်ပြီး သူတို့ဘေးမှကျော်ဖြတ်လာခဲ့သည်။မဟာသည် သုတ၏ပုခုံးအားဖက်ထားပြီး သုတသည်ကား အဂ္ဂတို့ရှိရာဘက်သို့ မျက်လုံးလေးစွေကြည့်လိုက်သေးသည်။မမြင်တာသေချာမှ စိတ်အေးလက်အေးဖြင့် လျှောက်လာခဲ့သည်။


              

                  တကယ်တော့ လွန်းတို့ကိုပါခေါ်ဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်သော်လည်း သတစ(သူတော်စင်)လေးနှစ်ပါးက မိုးမမြင်လေမမြင်သာယာကြည်နူး တစ်တီတူးနေကြ၍ အမြင်ကပ်ပုဒ်မဖြင့်တမင်တကာမသိချင်ယောင်ဆောင်ခြင်းဖြစ်သည်။အခုထိလည်း သူတို့ကိုမမြင်သေးပေ။တဟီးဟီးတဟားဟားရယ်နေကြဆဲပင်ဖြစ်သည်။





"အစ်ကို ဟိုနှစ်ယောက်က ကျွန်တော်တို့ကိုအခုထိမမြင်ကြသေးဘူး၊ရေသောက်ချင်တဲ့သူက ရေအိုးရှိတဲ့နေရာကိုမလာဘဲနဲ့ ရေအိုးကရေသောက်ချင်တဲ့လူဆီသွားနေရသလိုပဲ၊တစ်ခါအကင်စားဖို့အရေး သူတို့ကိုအရင်ပင့်ရဦးမယ် ငါ ိုး!"



                 

                 သုတသည် လွန်းကဲ့သို့ သေးသေးလေးမဟုတ်သော်လည်း မဟာ၏ရင်ခွင်ထဲရောက်လျှင်အံ၀င်ခွင်ကျဖြစ်နေတတ်သည်။သုတ၏ခေါင်းသည် မဟာ၏နားရွက်ဖျားအထိရှိသောကြောင့် သူတို့အရပ်သည် မတိမ်းမယိမ်းသာ။ရင်ခွင်ထဲမှ အနွေးဓာတ်ကလေးသည် ပြောနေရင်းဒေါသထွက်လာသည်ထင်၏။နောက်ဆုံးတွင် မေတ္တာပို့လိုက်သောကြောင့် သူ့မှာခပ်ဟဟရယ်ရုံကလွဲ၍မတတ်နိုင်။


           

           အရင်ကတည်းက ဆဲနေကျဖြစ်သော်လည်း ယခုတော့ အနွေးဓာတ်ကလေးအား လိမ်မာရေးခြားရှိသော အမျိုးကောင်းသားလေးဖြစ်စေချင်ပါသည်။သူ့အတွက်တော့ ဆဲသည်ဖြစ်စေမဆဲသည်ဖြစ်စေ အနွေးဓာတ်ကလေးသည် အနွေးဓာတ်ကလေးပဲမို့ သူဖြစ်နေသရွေ့ချစ်နေဦးမည်မှာအမှန်ပင်။



              

               သို့သော် အသိုင်းအဝိုင်းများကြားချပြရသည့်အခါ သူ့ဂုဏ်သိက္ခာအတွက်မူ ကိစ္စမရှိသော်လည်း အနွေးဓာတ်ကလေးအား စကားနှင့်ပင်အထိခိုက်မခံနိုင်ပါချေ။အချစ်ခံလေးဖြစ်သော အနွေးဓာတ်ကလေးအား ပို၍ပင်အချစ်ခံစေချင်ပါသည်။ထိုလူသားငယ်သည် အချစ်ခံရဖို့ အများကြီး ထိုက်တန်သည်မဟုတ်ပါလား။အနွေးဓာတ်ကလေးအား လိမ်မာယဉ်ကျေးသော အမျိုးကောင်းသားလေးဖြစ်စေရန် ယခုကတည်းက ဖြည်းဖြည်းချင်းဆုံးမသွန်သင်ပေးရ‌ပေမည်။




ချစ်ခြင်းတည်စေWhere stories live. Discover now