"မင်္ဂလာပါဆရာမ..."
ဆရာမချယ်ရီနွယ်အချိန်ဆိုရင် တပည့်များအားလုံးတက်ကြွနေကြသည်။ဆရာမလေးကိုယ်တိုင်ပင် တက်တက်ကြွကြွရှိလှ၏။
"မင်္ဂလာပါကွယ်...
ကဲမနေ့ညကဆရာမပြောလိုက်တဲ့ ရောင်စုံစာရွက်လေးတွေပါလား""ဟုတ်ကဲ့ ပါပါတယ်"
တပည့်များ၏အသံမှာ တီးလုံးတိုက်စရာမလိုပါပဲ စည်းချက်ညီလျက်။"ကဲဒါဆို ဘယ်လိုလုပ်ရမလဲဆိုတာ ဆရာမပြောပြမယ် "
"သားတို့သမီးတို့မှာ ပါလာတဲ့ စာရွက်လေးတွေကို လေယာဥ်ပျံလေးတစ်စင်းလုပ်လိုက် လုပ်တတ်တယ်မလား၊
ဆရာမတော့သိပ်မလုပ်တတ်ဘူး..ဟားဟား"
ဆရာမလေးသည်ပြောပြီးရယ်နေ၏။"တကယ်ချစ်စရာလေး"မေတစ်ယောက် ဆရာမအား
ကြည့်ပြီး အသဲတွေယားနေလေရဲ့။"နင်ဘယ်သူ့ပြောနေတာလဲ"
"အမ် ဘယ်သူ့မှမပြောဘူး"
"အေး ဒါဆိုလဲ လေယာဥ်ပျံလေးတစ်စီးလုပ်ပြပါဟယ်
ငါသိပ်မလုပ်တက်လို့""ဟော ဖြစ်ရမယ်၊ဒါနဲ့ဆရာမက ဟိုကားထဲကလို လုပ်ခိုင်းမှာ ထင်တယ်"
"အအင်းဟုတ်မယ်ထင်တယ်
အော် နင်အရင်လုပ်ပြနော်""အင်း ခဏ"
"ရတနာရေ လေယာဥ်ကို အရှည်ကြီးလုပ်မယ်ဆို ဒီလိုလုပ်ရလား"
"အင်းဒီလို..."
"အင်းရပြီ၊ဟယ် နင်တို့လုပ်တာလေးလှလိုက်တာ
သဇင်မြင်လိုက်တယ်မလား""အင်း ရပြီ"
ကိုယ်စီစက္ကူ လေယာဥ်လေးများပြုလုပ်နေကြလေသည်။
"ကဲပြီးကြပြီမလား"
"ဟုတ်ကဲ့ပါဆရာမ"
"ပြီးပြီဆိုရင် အဲစက္ကူ လေယာဥ်လေးမှာ ကိုယ့်ဖြစ်ချင်တဲ့ ရည်မှန်းချက် ဒါမှမဟုတ် ကိုယ့်ဝါသနာကိုချရေးလိုက်"
"ရေးပြီးပြီဆိုရင် ဆရာမရပ်နေတဲ့နေရာလာခဲ့ကြ"
ဆရာမသည် သူမရပ်နေသော သင်ပုန်းကြီးရှေ့ ကို
တပည့်များအားလာခိုင်းလေသည်။"ဒီနေရာကနေပြီး နောက်ဆုံးခုံတန်းကိုရောက်အောင်ပစ်လိုက် ဪ..လုပြီးမပစ်ကြနဲ့နော်"
ESTÁS LEYENDO
"ဆူး..."
Romance"ဆရာမရယ်..ဖြစ်နိုင်မယ်ဆိုရင် နေ့တိုင်း ဆရာမရဲ့ဆံနွယ်ထက်ဝယ်... နှင်းဆီပန်းလေး ပန်ဆင်ပေးချင်ပါရဲ့..."