Part - 2

165 28 0
                                    

반가운 그 목소리
၀မ်းသာနေတဲ့ မင်းရဲ့အသံလေး။

가득한 웃음소리
ပျော်ရွှင်ခြင်း အပြည့်နဲ့။

함께 한 노랫소리
တူတူသီချင်းတွေဆိုရင်း ၊

그 때로 함께 가는 거야
ဒီလိုအတူတူသွားနေကြတာ။

-

အချစ်ဆိုတဲ့ အရာဟာ မုသားလှလှ ပါ၀င်ရောနှောနေတက်တယ်လို့ မေမေ က ပြောဖူးတယ် ။

ဒီလိုပဲ ကိုယ်နဲ့သူ့ ကြားက ဆက်ဆံရေးတစ်ချို့ဟာလဲ အချိန်နဲ့ အမျှ အေးစက်လာလေရဲ့ ။

ဪ ... ကိုကို မပြောခဲ့ဘူးလား ကလေးငယ်
ကိုကို့ မှာ မင်းကို ချစ်တဲ့ အချစ်ကလွဲပြီး တခြားပိုင်ဆိုင်တာ မရှိပါဘူးလို့ ။

ပစ္စုပန် ဆိုတဲ့လက်ရှိ ကလေးမှာ မပျော်ရွှင်တော့ရင်
အတိတ် ဆိုတဲ့ အရင်က အမှတ်တရတွေကို လူတိုင်းဟာ လွမ်းဆွတ် တက်ကြတာ သဘာ၀ပဲမဟုတ်လား ။

ကိုကိုရော တစ်ခါလောက် အတိတ်စာမျက်နှာ လှန်ကြည့်ရမလား ကလေးငယ်။

မောင့် မျက်၀န်း ထဲမှာ ကိုကို ပဲ ရှိခဲ့တဲ့အတိတ်။
မောင့် နှလုံးသား ထဲမှာ ကိုကို စိုးမိုးခဲ့တဲ့ အတိတ်။
မောင့် ရဲ့အချစ်တွေကို ကိုကို အပိုင်စားရခဲ့တဲ့
အဲ့သည် အတိတ် ဆီကိုလေ ။

ကိုကို သိပ်ကိုပျော်ရွှင်ခဲ့ဖူးတာ ပါလား ။
မင်း ရော အဲ့လိုပဲ ခံစားခဲ့ရလား ကိုကိုမသိတော့ဘူး မောင် ။
ထိုပျော်ရွှင်မှုတွေကနေ ဖြစ်ပေါ်လာတဲ့ အိပ်မက်တွေကလဲ သိပ်ကိုရိုးရှင်း နေခဲ့တာမို့ တကယ်တမ်း မဖြစ်မြောက်လာတဲ့အခါ ကိုကိုက အားမရဖြစ်နေခဲ့တယ်ထင်ပါ့ ။ ရိုးရှင်း တဲ့ အိပ်မက်တွေက ဆောက်တည်ရ အခက်ဆုံးဆိုတာ ကိုကို က မေ့နေခဲ့တယ်။ 

ကိုကိုပျော်မနေဘူးမောင် ။
ကိုကို့မှာပျော်ရွှင်ခြင်းတွေ မရှိတော့ဘူး ။

မချစ်တော့ရင်လဲ လက်လွှတ်ပေးပါတော့လို့
မတောင်းဆိုရဲပါဘူး ကလေးငယ်ရယ်။
ရူးရူးမိုက်မိုက် ရှေ့ဆက်တိုးဖို့ရာလဲ
တကယ်တမ်း ကိုကို့ ကလေးငယ်ကသာ လက်လွှတ်လိုက်ရင်
ကြိုးပျက်သွားတဲ့ စွန်ငယ် ပမာ ကိုကိုက ဦးတည်ရာ ‌ပျောက်ပြီး လွှင့်မျောသွားတော့မှာ။
ကိုကို့ ရစ်ဘီးလေးရဲ့။

You've reached the end of published parts.

⏰ Last updated: Feb 16 ⏰

Add this story to your Library to get notified about new parts!

미니키 (𝐷𝑟𝑖𝑣𝑒) ʳᵉⁿᵐⁱⁿWhere stories live. Discover now