၆🦈

480 95 4
                                    

"ကိုကို ရှင်းမ်ကို ချစ်မိပြီထင်တယ်"

အလောတကြီးပုန်းရှောင်သည့်တိုင် နားဖျားညွှတ်မတတ်ပဲ့တင်လာတဲ့ စကားလုံးတွေထဲ ၊

ဂျယ်ယွန်းက သူခနခနကျင်လည်ဖူးခဲ့ရာ အိပ်မက်ကမ္ဘာမှာလို လက်တွေ့တံခါးပေါက်ဆီ ကယောင်ကတမ်းပြေးကြည့်မိသေးသည် ။

သူ့တစ်ကိုယ်လုံးမယ် တုန်ရီမတတ် ။

ရေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲထွက်တော့မည့်အတိုင်းပင် ဂျယ်ယွန်းမှာ ပြာယာခတ်ရသည်။

"ရှင်းမ်"
"ကိုကို စကားအေးဆေးပြောချင်တယ်"
"တံခါးဖွင့်ပေးဦး"

တံခါးခေါက်သံက ဆက်တိုက်လို ခွင်းလာ၏။

တားထားတဲ့ စည်းပါးပါးလေးကို ကိုယ်စီကျူးလွန်ချင်လာကြသော နှလုံးခုန်သံတွေကတော့ ဤမျှထက် ကျယ်လောင်တော့ပေပြီ။

"ကို....ကျနော်"

"ဘာလို့များ ရှောင်ထွက်သွားရတာလဲကွာ"

တံခါးဖွင့်ဖွင့်ချင်းတင်ပင် ဟီဆွန်းက သူ့ကျောပြင်ကျယ်ထဲ ဂျယ်ယွန်းတစ်ကိုယ်လုံးနစ်ဝင်မတတ်ပွေ့ဖက်လိုက်တော့ ဆောင်းဦးလေတွေပါ အမြင်ကတ်ပုဒ်မတပ်မိလာလေရဲ့ ။

အခန်းဝရံတာမှာချိတ်ဆွဲထားတဲ့ မိုးပြာရောင် စက္ကူတံခွန်ခမျာ မနားစတမ်းဝေ့ယမ်းရသည် ။

"မဟုတ်မှလွဲ"
"ကိုယ့်ကို စိတ်ကုန်သွားတာလားဟင်"

"ဟုတ်တယ်"

"ခုမှ ဖွင့်ပြောလို့ စိတ်ကုန်သွားပြီ"

ကိုကိုအီဟီဆွန်းက ဂျယ်ယွန်းအနားမှာသာဆို ဘယ်လောက်တောင်နုံချာလိုက်လေခြင်းလိမ့်။

ဂျယ်ယွန်းက လက်သီးဖွဖွအားကိုးနှင့် သူ့ရင်ဘတ်ကျယ်ထဲဒဏ်ခတ်​တော့ သမင်မျက်ဝန်းတွေဆီက ရယ်သံလွင်လွင်တို့ ဂျယ်ဂျူရဲ့အပြာရောင်မိုးတိမ်တွေထဲ မျောလွင့်နေတော့သည်။

"ဒီ၅စက္ကန့်စာ စကားလေးကြားရဖို့အတွက်
ကျနော်စောင့်ခဲ့ရတာရက်ပေါင်း၅၀၀မကပါလား"

in this corner of the Blues (complete)Where stories live. Discover now