၃ ချက်သံ

25 0 0
                                    

ကျွန်တော်သည် နှလုံးရောဂါရှိ၍ပင်လား၊ အသည်းနုလွန်း၍လားမသိပေ၊ ည၃ချက်တီးဝန်းကျင်တိုင်း၌ အိမ်မက်မှ လန့်နိုးကာ အော်တတ်သည်။

​ထူးထူးထွေထွေမက်သည်လည်း မဟုတ်သာ။ အနည်းငယ် ခြောက်ခြားဖွယ်ကောင်းရုံပင်။

နိုးလာသည့် အချိန်တိုင်း၌ ဖေဖေ သို့မဟုတ် မေမေ့ကို အော်ခေါ်တတ်သေးသည်။
ထိုအကျင့်ကြောင့်ပင် အမေတို့ကိုပါ ဒုက္ခပေးသလို ဖြစ်သည်မှာ မနည်း။

ယနေ့ညတွင်တော့ အကြောင်းတစ်ချို့ကြောင့် မနက်လင်းသည်ထိ တချိုးတည်း အိပ်ပျော်ရန် ဆုတောင်းမိ၏။

" ချက်...ချက်...ချက်"

၃ချက်မြည်သွားသော နာရီစင်ကြီးမှ အသံသည် မသိလျှင် တစ်စုံတစ်ရာ ဖြစ်လာရန်အတွက် အချက်ပေးနေသလို။

" အား!! မေမေ! "

ယခင်ညများကဲ့သို့ပင် ကျွန်တော်လန့်နိုးပြန်၏။
ကြောက်လန့်တကြား ဘေးအခန်းမှ အမေ့ကို ခေါ်နှိုးမိသည်။

အမြဲတစေ အမေသည် အနည်းငယ်ကြာမှ ပြန်ထူးလေ့ ရှိသော်လည်း ထူးဆန်းစွာပင် စက္ကန့်မလပ်ပါပဲ ထူးလာ၏။

" ဟေ...မကြောက်နဲ့၊ ဆက်အိပ် "

ထိုအခါမှသာ စိတ်အေးသွားလျက် ပြန်အိပ်မည်အပြု တစ်စုံတစ်ခုအား သတိပြုမိသွားသည်။

အမေ့အသံသည် ခေါင်းရင်းအခန်းဘက်မှ မဟုတ်ပါပဲ အဘယ်ကြောင့် ခြေရင်းဘက်မှ ထွက်နေရသနည်း။

ထို့နောက် အရေးကြီးသော တစ်စုံတစ်ရာကိုလည်း သတိရသွားသည်နှင့် ဆင်းထားသော ခြေထောက်တို့အား ကြောက်အားလန့်အား ကွေးလိုက်မိ၏။

အမေတို့ဟာ တစ်ဖက်လမ်းရှိ နာရေးအိမ်သို့ သွားအိပ်ကြပြီ ဖြစ်၏!

အိမ်မှာ သူတစ်ယောက်တည်း!

" အမေကြည့်နေတာမလို့...မကြောက်နဲ့ "

×     ×     ×     ×     ×

ကြၽန္ေတာ္သည္ ႏွလုံးေရာဂါရွိ၍ပင္လား၊ အသည္းႏုလြန္း၍လားမသိေပ၊ ည၃ခ်က္တီးဝန္းက်င္တိုင္း၌ အိမ္မက္မွ လန့္နိုးကာ ေအာ္တတ္သည္။

ထူးထူးေထြေထြမက္သည္လည္း မဟုတ္သာ။ အနည္းငယ္ ေျခာက္ျခားဖြယ္ေကာင္း႐ုံပင္။

နိုးလာသည့္ အခ်ိန္တိုင္း၌ ေဖေဖ သို႔မဟုတ္ ေမေမ့ကို ေအာ္ေခၚတတ္ေသးသည္။
ထိုအက်င့္ေၾကာင့္ပင္ အေမတို႔ကိုပါ ဒုကၡေပးသလို ျဖစ္သည္မွာ မနည္း။

ယေန႕ညတြင္ေတာ့ အေၾကာင္းတစ္ခ်ိဳ႕ေၾကာင့္ မနက္လင္းသည္ထိ တခ်ိဳးတည္း အိပ္ေပ်ာ္ရန္ ဆုေတာင္းမိ၏။

" ခ်က္...ခ်က္...ခ်က္"

၃ခ်က္ျမည္သြားေသာ နာရီစင္ႀကီးမွ အသံသည္ မသိလွ်င္ တစ္စုံတစ္ရာ ျဖစ္လာရန္အတြက္ အခ်က္ေပးေနသလို။

" အား!! ေမေမ! "

ယခင္ညမ်ားကဲ့သို႔ပင္ ကြၽန္ေတာ္လန့္နိုးျပန္၏။
ေၾကာက္လန့္တၾကား ေဘးအခန္းမွ အေမ့ကို ေခၚႏွိုးမိသည္။

အၿမဲတေစ အေမသည္ အနည္းငယ္ၾကာမွ ျပန္ထူးေလ့ ရွိေသာ္လည္း ထူးဆန္းစြာပင္ စကၠန့္မလပ္ပါပဲ ထူးလာ၏။

" ေဟ...မေၾကာက္နဲ႕၊ ဆက္အိပ္ "

ထိုအခါမွသာ စိတ္ေအးသြားလ်က္ ျပန္အိပ္မည္အလုပ္ တစ္စုံတစ္ခုအား သတိျပဳမိသြားသည္။

အေမ့အသံသည္ ေခါင္းရင္းအခန္းဘက္မွ မဟုတ္ပါပဲ အဘယ္ေၾကာင့္ ေျခရင္းဘက္မွ ထြက္ေနရသနည္း။

ထို႔ေနာက္ အေရးႀကီးေသာ တစ္စုံတစ္ရာကိုလည္း သတိရသြားသည္ႏွင့္ ဆင္းထားေသာ ေျခေထာက္တို႔အား ေၾကာက္အားလန့္အား ေကြးလိုက္မိ၏။

အေမတို႔ဟာ တစ္ဖက္လမ္းရွိ နာေရးအိမ္သို႔ သြားအိပ္ၾကၿပီ ျဖစ္၏!

အိမ္မွာ သူတစ္ေယာက္တည္း!

" အေမၾကည့္ေနတာမလို႔...မေၾကာက္နဲ႕ "

ပုံတိုပတ်စWhere stories live. Discover now