9

169 32 15
                                    

'ဂျောင်ဂျေဟုတ် တော်တော့လို့မာမီပြောနေတယ်နော်'

'တော်သေးဘူး မိုးရာသီကိုသားသဘောကျတာသိရဲ့သားနဲ့'

'ဝင်ခဲ့ပါတော့ သားရယ် ဖျားလိမ့်မယ် ခဏနေရင်စိုဘက်အိမ်ကဧည့်သည်တွေလာတော့မှာ သွားရေသွားချိုးပြီး အဝတ်စားလဲထားတော့'

'သူတို့ဘာသာလာတာ သားကဘာလုပ်ရမှာလဲ သိဘူး သားကဆော့အုံးမှာ'

'အေး ငါလာပြီ '

တီ တီ

'ဟော ဟိုဘက်ကဧည့်သည်တွေလာပြီ'

'အမကင် တို့ရောက်လာကြပြီလား'

'ဟုတ်ပ မိုးကလဲဒီနေ့မှရွာနေလိုက်တာကို'

'သားလေးတွေရော မဆင်းတော့ဘူးလား Mr'Kim လဲဝင်ပါအထဲကို'

'သားကြီးက မိုးကိုမကြိုက်ဘူးသူဆင်းမှာမဟုတ်ဘူး သားငယ်ကလိုက်မလာဘူး ဟိုမှာ သူ့ဦးလေးနဲ့ကျန်ခဲ့တယ်'

'ဟုတ်လား လာ လာ အထဲဝင်ပါအုံး ဂျောင်ဟိုဘီ တော်တော့လို့'

'ဟုတ်ကဲ့ မာမီ'

မိုးရွာတာကိုမုန်းပါတယ်စို ဒီနေ့မှမိုးကမတရားရွာနေတာ။ဒါမဲ့ကျွန်တော့်ရှေ့မှာမြင်လိုက်ရတာ ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာရှဥ့်ပေါက်လေး သူကမိုးရွာထဲမှာတစ်ယောက်တည်းဆော့နေတာ ညစ်ပေတူးလို့ ရှဥ့်ညစ်ပတ်အိုးလေး။ ဖြစ်ချင်တော့ ကျွန်တော်တို့ကားကအဲ့အိမ်ထဲကိုဝင်သွားတာဗျ။

မာမီတို့ကတော့ဘာတွေပြောနေမှန်းမသိဘူး ကျွန်တော်ကတော့ ကျွန်တော့်ထက်ငယ်တဲ့ရှဥ့်ပေါက်လေးကိုပဲ ကားပြတင်းပေါက်ကနေငေးနေလိုက်တာ သူခေါ်မှ

'ဟိတ် ကိုကို ဘာကြည့်နေတာလဲ သားသားနဲ့ကစားချင်လို့လား'

'ကိုယ်က ညစ်ပတ်တဲ့သူတွေနဲ့မကစားဘူး'

'ဟွန် သားသားကညစ်ပတ်ပါဘူးနော် မိုးရေစိုနေတာပဲရှိတာ လာပါ ကိုကိုရဲ့ မိုးရေထဲမှာကစားရတာ အရမ်းပျော်ဖို့ကောင်းတာ'

'ကိုယ်က မိုးကိုသဘောမကျဘူးကောင်လေးရဲ့'

'သားသားနာမည်က ကောင်လေးဟုတ်ဝူး ဂျောင်ဂျေဟုတ် '

BELIEFWhere stories live. Discover now