Part.24

5.2K 804 269
                                    

ရောင်ဖျော့ဖျော့အခန်းလေးထဲ ပြန်နိုးလာချိန်ထယ်
ယောင်းဦးနှောက်တစ်ခုလုံးဟာလာဟင်းလင်း။
ထိုးကိုက်မူးဝေနေသောခေါင်းနဲ့အတူသူ့ခြေတွေ
လက်တွေကလည်းအားအင်မဲ့လှစွာ။မေ့သွားတာပဲ...ဂျောင်ကုသတင်းကြားကြားပြီးခြင်းစိတ်ခံစား
ချက်ဝမ်းနည်းမူ့တွေကိုဘယ်လိုမှထိန်းချုပ်မရ
တော့။ပစ္စုပန်နဲ့အဆက်အသွယ်ပြတ်ကာအတိတ်
အပိုင်းအစတစ်ခုတွင်အုတ်မူတ်ခွက်ကေနဲ့လူကြီး
မင်းဂျွန်ကိုရှာကြည့်ခဲ့ပါသေးတယ်။

"နင်နိုးလာပြီလား...ကိုကို"

အပြင်မှာမှောင်နေပြီးဟယ်ဝန်းကသူနိုးလာတဲ့
အချိန်ထိစောင့်စားပေးနေဟန်။ခေါင်းမငြိမ့်
ခေါင်းမခါကုတင်ပေါ်ကလူသေလိုပုံစံကြီးကြောင့်
ကင်မ်ဟယ်ဝန်းမျက်ဝန်းထောင့်တွေပိုနီလာရတယ်။သူ(မ) ပြောမှဖြစ်မှာ...ရင်ထဲကတစ်စို့နေတဲ့
အရာတွေကိုဖောက်ထုတ်ပစ်မှရမှာ။

"ခဏလေး..ငါတံခါးပြေးပိတ်ဦးမယ်"

ကင်မ်ဟယ်ဝန်းအပြေးအလွှားတံခါးသွားပိတ်
တယ်။ထို့နောက်ထယ်ယောင်းရှေ့ပြန်လာထိုင်ကာ
ဝါကျင့်ကျင့်စက္ကူခေါက်လေးကိုထုတ်ပြလာတယ်။

ထယ်ယောင်းမျက်လုံးလေးဝိုင်းကနဲ။သူကယောကျာ်းချင်းလိင်တူနှစ်သက်တယ်ဆိုတာမိသား
စုကိုမသိစေချင်ခဲ့ဘူး။ရှက်သည်ဆိုတာမျိုးမဟုတ်
ဘဲ..သူ့ကြောင့်မိသားစုတစ်ခုလုံးစိတ်ဆင်းရဲသော
ကရောက်မည်စိုးသောကြောင့်သာ။အခုတော့..
ကင်မ်ဟယ်ဝန်းကဘယ်လိုလုပ်။

"ပြန်...ပေး..."

"ငါဘာကိုပြန်ပေးရမှာလဲကိုကို၊နင်ချစ်သူကအဲ့
ကောင်ဂျွန်ဂျောင်ကုလား၊ငါဘယ်လောက်နင်ကို
လေးစားပြီးအထင်ကြီးခဲ့သလဲ၊ငါ့မျက်စိထဲမှာ
နင်ကအပြစ်အကင်းဆုံးလူသားကိုကိုရဲ့။ယော
ကျာ်းချင်းချစ်လဲ နင်ပျော်ရင်ပြီးရောဆိုပြီးငါ
ပါးစပ်ပိတ်ထားပေးလို့ရတယ်။အခုဟာက...
ဂျွန်ဂျောင်ကုကတိုင်းပြည်သစ္စာဖောက်ဆိုပြီး
ကြိုးစင်တက်ရတော့မှာ၊နင်သူ့ကိုမေ့ပစ်ရမယ်
ကိုကို၊နင်တစ်ခုခုဖြစ်သွားမှာငါအရမ်းစိုးရိမ်
တာပဲ..."

ကင်မ်ဟယ်ဝန်းအသံကခပ်အုပ်အုပ်။မျက်ရည်စီး
ကြောင်းနှစ်ဖက်ကသူ(မ)ပါးအို့အို့လေးပေါ်အထင်း
သား။အစ်ကိုလိင်တူကြိုက်နေလို့အပြစ်မမြင်ပါဘူး။ရာဇဝတ်သားတစ်ယောက်ကိုချစ်သူတော်
ထားလို့စိတ်ဒဏ်ရာရမှာပဲစိုးတာ။စိတ်ဓာတ်ပျော့
ပျောင်းနူးညံတဲ့အစ်ကိုက ဒီထိုးနှက်ချက်တွေကို
မခံနိုင်မှာပဲစိုးတာ။

1920 (Completed) Where stories live. Discover now