Episode (12)

145 26 2
                                    

Jihoon က သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် Junkyuကို ဆွဲမကာ တွဲလိုက်သည်။ ဒါပေမယ့် ဆိုင်အပြင်ရောက်သည်နှင့် သူ့ရဲ့ဖုန်းက တုန်ခါမှုကြောင့် Jihoon ဖုန်းကိုင်လိုက်သည်။

''Hello!''

Jihoonရဲ့ မျက်ဝန်းတွေ ပြူးကျယ်ဝိုင်းစက်သွားပြီးနောက် ဖုန်းတစ်ဖက်က စကားကို ပြန်ပြောဖို့ပင်မေ့လျော့လို့နေသည်။ အချိန်အတန်ကြာအောင် ကျောက်ရုပ်တစ်ရုပ်နှယ် အသက်မရှိသလိုရပ်နေပြီးမှ ရုတ်တရက်သတိပြန်ဝင်လာသည်။

လက်တစ်ဖက်မှာလဲ Junkyuကိုတွဲထားရပြီး ခဏတာ အတွင်းမှာ သူ့ဦးနှောက်နဲ့ နှလုံးသားကခံစားချက်က ရှုပ်ထွေးပွေလီလျှက်။ နောက်ဆုံး၌မူ သူ့ဖုန်းကိုထုတ်ကာ Junkyuရဲ့ အိမ်ကိုဆက်သွယ်လိုက်တယ်။

ဘာအကြောင်းကြောင့်မှန်းမသိပေမယ့် Junkyuရဲ့အိမ်ကိုဆက်သွယ်လို့မရဘူး။

Jihoonရဲ့ နှလုံးသားက လေးလံနေပြီး အေးစက်နေတဲ့ ဆောင်းတွင်းကြီးမှာတောင် သူ့နဖူးပေါ်၌ ချွေးစအချို့ကတွဲလွဲခိုလျှက်ရှိသည်။

သူ Junkyuကိုတွဲရင်း Taxiငှားဖို့ ဆုံးဖြတ်လိုက်သည်။ ဒါပေမယ့် Junkyuရဲ့ လိပ်စာကို ပြောချိန်မှာ Junkyuက မှိန်းနေရာကနေ Jihoonရဲ့ လက်ကို ဆုပ်ကိုင်ရင်း အသည်းအသန်ငြင်းသည်။

''ဟင့်အင်း...ငါ အိမ်မပြန်ဘူး...''

Jihoonက Junkyuကို ကားထဲ အတင်းထည့်ပေးရင်း driverကို ပြောလိုက်သည်။

''အဲ့ဒီ့ကိုပဲ ပို့ပေးလိုက်ပါ...''

Junkyuက Jihoonရဲ့လက်ကို အတင်းဆွဲထားရင်း ငြင်းသည်။

''ငါ့ကို အိမ်ပြန်မပို့ပါနဲ့...!''

''Kim Junkyu!!!''

Jihoonက သိပ်ကိုအရင်လိုနေပြီး Junkyuကို စိတ်မရှည်စွာ အော်လိုက်သည်။ Junkyuက မူးဝေပြီး မျက်လုံးတွေစဥ်းနေရာမှ Jihoonရဲ့ အသံကြောင့် သူ့ရဲ့ ရွှန်းလဲ့နေတဲ့ မျက်လုံးတွေကို ဖွင့်ရင်း ကြည့်လာသည်။ ထို့နောက် သူက Jihoonရဲ့လက်ကိုလွှတ်ပေးလိုက်ပြီးနောက် ငြိမ်သက်သွားသည်။ ထိုအခါမှ Jihoonက သက်ပြင်းချရင်း ပုံမကျပန်းမကျ ထိုင်နေတဲ့ Junkyuကို သေချာပြင်ပေးလိုက်သည်။

Orange (Mashihoon)[uni+zaw]Donde viven las historias. Descúbrelo ahora