020

739 29 0
                                    


သဝန်တိုစိတ်ကြောင့်သာလုပ်မိလုပ်ရာလုပ်လိုက်မိတာ......!!

ခုတော့ ဘယ်လိုမျက်နှာပြရမှန်းကိုမသိတော့ပါ။

ယုန်ပေါက်ကတော့ တဘုန်းဘုန်းထုကာ အပြင်သို့လုံးဝမထွက်ဘူးဟု အကြောက်အကန်ငြင်းနေလေသည်။

သူတို့မကြားလောက်ပါဘူးဟုသာ မာန်တင်းရင်း အရှေ့သို့ထွက်လာခဲ့တော့သည်။

"အဟမ်း အဟမ်း"

လှည့်ကြည့်လာသောမျက်နှာတွေက လုပ်မနေနဲ့ သိတယ်ဆိုတဲ့အထာတွေနဲ့။

"ဟိုဟာလေ အဟမ်း Ge ကျွန်တော်တို့ "

"ခုမှရှက်မနေနဲ့ ဒေါင်းစား နည်းနည်းပါးပါးတော့အရှက်ရှိဦးမှပေါ့"

ဟိုက်ခွမ်းကသာပြောနေပေမယ့် Geကတော့ပြုံး၍သာနေ၏။

"ဘာလဲ အားကျနေလို့လား "

"ဘောပဲ ဘောကိုအားကျပါလား!! မင်းတို့အသံတွေက
ငါ မပြောလိုက်ချင်ဘူး !!မင်းကလည်းနော် ဒဏ်ရာရထားလို့သာပဲ!! မဟုတ်ရင် ခုနစ်ရက်ကြက်တွန်သံကြားရမှာမဟုတ်ဘူး"

ဟိုက်ခွမ်းစကားကြောင့် ဝမ်ရိပေါ်မျက်နှာကအနီရင့်ရောင်သို့ပြောင်းလျက်။

"သောက် fa ကောင် Ge ရှိတယ်ဟ ဆင်ခြင်ပြောပါဟ"

"လုပ်မနေနဲ့ ခုမှလာပြီးတော့ ခုနကတော့ အသံတွေကမကြားဝံ့မနာသာ"

"ကြားပြီးပြီမလား စောက်ပိုတွေသိပ်မလုပ်နဲ့ "

ဟိုက်ခွမ်းပြောရန်ပြင်ထားသည့်စကားတို့ ပျောက်ရှလျက်။

Wang Geကိုကြည့်ပြန်တော့လည်း ဘာမှမထူး။

တကယ်တော့ သူလည်းမပြောချင်ပါ။
အရှက်ကြီးတဲ့ Ge ကို အားနာ၍ ဖိပြောနေမိခြင်းသာ။

ဖြစ်ပျက်နေကြသောအသံတွေက Geရဲ့မျက်နှာချောချောကို
အရောင်ပြောင်းစေသည်။

Ge ရှက်နေသောပုံစံကို ခုမှပထမဆုံးအကြိမ်မြင်ရခြင်းပင်။

ထိုမျက်နှာလေးကို မျက်တောင်ပင်မခတ်ပဲငေးနေမိတော့
အနေခက်လာသည်ထင်။

"အပြင်သွားရင်ကောင်းမယ်ထင်တယ် ပူ ပူလိုက်တာ"

သူ ပြုံးလိုက်မိသည်။

ဦး ချစ်ရတဲ့ ဂျစ်ကန်ကန်ယုန်ကလေး (Completed) Where stories live. Discover now