2

60 9 0
                                    

ရိပေါ် မနေ့က ယွမ်၅၀၀ အကြောင်းတွေးရင် အိပ်မပျော်သဖြင့် တစ်ညလုံးအိပ်မရခဲ့ပေ။အမှန်တကယ် အိပ်ပျော်သွားသည့် အချိန်က မနက် ၃နာရီ။

နိုးလာပြန်တော့လည်း ၅ နာရီထိုး။ရိပေါ် စိတ်ထဲ တစ်နုံ့နုံ့နှင့်သာ။

" အဲ့ မေဘေးကြောင့်..ငါ အိပ်လို့မရတော့ဘူး!!! "

အိပ်ယာပေါ်မှ ထကာ မျက်နှာသစ် တစ်ကိုယ်ရည်သန့် ရှင်းရေးလုပ်ပြီး ပုံမှန်လုပ်နေကျအတိုင်း မှန်ရှေ့တွင်ထိုင်ကာ

" မင်း..အရမ်းချောတယ်။ဒါကြောင့် ဘယ်သူ ဘာဖြစ်ဖြစ် မင်း ယွမ်၅၀၀ ရအောင်ပြန်တောင်းရမယ်။အဲ့ ယွမ်၅၀၀ ပြန်မရရင် မင်း skin care ဝယ်လို့မရတော့ဘူး..hot potရော..milk tea..မာလာရှမ်းကော "

ရိပေါ် တွေးရင်းတွေးရင်း ငိုချင်လာသည်။ယွမ် ၅၀၀ ကြီးများတောင်..

" ငါ လိုက်သွားမယ် အခု.. "

မှန်ထဲက မိမိကိုယ်ကို ကြည့်ပြီး ဆံပင်တစ်ချက်သပ်လိုက်ကာ လွယ်အိတ်လေး လွယ်ပြီး အရူးတစ်ပိုင်းအကောင်​၏ Company ဆီသို့...

" မင်း ဘယ်လိုတွေလုပ်နေကြတာလဲ။ဒီဟာ လောက်တောင် မလုပ်နိုင်ရင် မင်း အနေနဲ့ ငါ့အတွင်းရေးမှူး မလုပ်သင့်ဘူး..မင်းကို အလုပ်ထုတ်လိုက်ပြီ ထွက်သွားတော့!! "

ရှောင်းကျန့် အလုပ်လုပ်နေရင်း ပင်ပန်းလာတာမို့ ကော်ဖီသောက်ရန် အတွင်းရေးမှူးအား ကော်ဖီဖျော်ခိုင်းမိရာမှ သကောင့်သားလေးက ကော်ဖီကို အစေ့ကိုသည်အတိုင်း ကျိတ်ပြီး ရေနွေးဖျောလာပါသတဲ့။

​" ဟေ့ကောင်..မင်း ဒီလထဲမှာ ဘယ်နှစ်ယောက်ရှိနေပြီလဲ "

" ဘယ်နှစ်ယောက်ဖြစ်ဖြစ် ငါ စောက်ဂရုမစိုက်ဘူး။ဒီဟာတောင် မလုပ်နိုင်ပဲနဲ့ ငါ့အတွင်းရေးမှူး လုပ်စရာ ဘာစောက်ကြောင်းမှ မရှိဘူး.. "

ရှောင်းကျန့်ရဲ့ သူငယ်ချင်းဖြစ်သူ ဝမ်ဟဲ့တိက ခေါင်းခါရင်းသာ အတွင်းရေးမှူးနေရာအတွက် လူခေါ်ရန် ပြင်ရတော့သည်။

" ဒီမှာ ရှောင်းကျန့်ဆိုတဲ့သူ ရှိလား "

​ဝမ်ရိပေါ်တစ်ယောက် ဟိုလူပေးသည့်အတိုင်း လာခဲ့ရာ။ကုမ္ပဏီအကြီးကြီးဖြစ်နေတာမို့ သိပ်တော့မရှာလိုက်ရပေ။

Bro Where stories live. Discover now