Unicode
Ferrari ရဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း စက်သံက သူ့အနောက်ပါးမှာ ပေါ်ထွက်လာတဲ့အခါ ကျစ်ခနဲစုတ်သတ်လိုက်မိတယ်။
"ဟေ့ သူဌေးသား။ မင်းဘာလိုချင်နေတာလဲ"
ဆင်းရဲသားရပ်ကွက်ပေမဲ့ ညအချိန်မို့ လှုပ်ရှားသွားလာဆဲလူတွေသိပ်မရှိ။ (၁၂) နာရီတောင် ထိုးကာနီးနေပြီပဲကို။ သွားလာကြလည်း သူ့လို ကလေကချေကောင်တွေပဲဖြစ်မှာ။ ဒါပေမဲ့ တမူထူးစွာ ဒီသူဌေးသားကတော့။
ကားပေါ်က ဆင်းလာတဲ့ခြေထောက်တွေက ရွှေဘုံပေါ်မှာ စံနေရမှန်းသိသာစွာ နုဖက်နေတယ်။ ပင်ပန်းငိုက်မြည်းလာတဲ့ မျက်၀န်းတွေကြောင့် သူ့စိတ်တွေရှည်မနေ။
ကား၀ပ်ရှော့မှာတွေ့ခဲ့တဲ့အတိုင်း မျက်နှာနုနုက ဖူးစင်စင်။ ပွယောင်းယောင်းဆံနွယ်တွေက ဈေးပေါပေါဆိုင်မှာ ကောက်ထားတဲ့ သူ့ဆံပင်တွေနဲ့တော့ အကွာကြီး။
"အာ ငါပြောချင်တာက။ ငါမင်းနဲ့အတူလိုက်ချင်လို့ပါ"
စိတ်လှုပ်ရှားသလို လက်နှစ်ဖက်ကိုပွတ်ချေရင်း သူဌေးသားရဲ့ မျက်နှာလှလှမှာ ပူပန်ခြင်းတွေက စွန်းထင်တယ်။
ဝှေ့ခနဲတိုက်ခတ်လာတဲ့ ဆောင်းဦးလေပြည်တွေကြောင့် လမ်းဘေးမှာပေါက်နေတဲ့ မေဘယ်လ်ပင်ပေါ်ကနေ နီခြောက်ခြောက် မေဘယ်လ်ရွက်တွေက မြေပြင်ပေါ် သက်ဆင်းတယ်။ မှုန်ပြပြလမ်းမီးကြောင့် လိမ္မော်ရောင်လို ဖြစ်နေတော့တာ။
"ဘယ်ကိုလိုက်မှာလဲ။ ရူးနေတာလား မင်း"
သူ့လေသံက မာဆတ်ဆတ်။ သူဟာ အမြဲတမ်း အဲ့လိုကောင်။ နူးညံ့တာတွေ၊ သိမ်မွေ့တာတွေက သူ့အတွက်စိတ်ရှုပ်စရာ။
"ဘာလဲ သူဌေးသား။ မဟုတ်မှလွဲရော မင်း ငါနဲ့အိပ်ချင်နေတာလား"
ပြီတီတီမျက်နှာပေးနဲ့ ထွက်သွားအောင်ပြောပြီးမှ ရယ်ချင်သလိုဖြစ်လာတယ်။ တစ်ညတာ အိပ်ဖော်ဆိုလည်း ဘယ်ဆိုးတာမို့လို့။ သူဌေးသားက ခပ်လှလှရယ်။
လျှောက်ပြောလိုက်ပေမဲ့ ထင်ထားသလို သူဌေးသားက လန့်သွားတာမဟုတ်ဘဲ မျက်နှာလေးက ကန္တာရထဲမှာ ရေအိုင်ရှာတွေ့သလို ၀င်းလက်လက်ဖြစ်လာကာ ..
YOU ARE READING
Homeless And Warm (Complete)
Fanfictionအိမ်မဲ့နေတဲ့လူဆီ ကမ်းလင့်ပေးလာတဲ့အနွေးဓာတ်တွေ