အပိုင်း - ၁၆

6.6K 603 97
                                    

Unicode

"ဟင် .. ငါ့ကိုသဘောကျနေတာ"

"အင်း .. မင်းကိုသဘောကျနေတာ"

အံ့ဩရိပ်သန်းနေတဲ့ မျက်နှာလေးက ကြောင်စီစီဖြစ်ပြီး ဘာကိုမှနားမလည်ဟန်။ နှုတ်ခမ်းသားလေးထက် လက်ဝါးအုပ်လိုက်ပုံအရ အတော်လေးရှော့ဖြစ်သွားမယ်ဆိုတာ သူနားလည်လိုက်ပါတယ်။

"မဖြစ်နိုင်တာကြီးကို"

"ဖြစ်နိုင်လို့ပဲ ဖြစ်ပြီးသွားပြီလေ။ ခွေးကောင်လေးက မင်းကိုငါ့ဆီက လုမယ်တဲ့။ ဘယ်လိုဆိုးသွမ်းတဲ့ဟာမျိုးလဲ"

ထယ်ယောင်းရဲ့နားရွက်ဖျားလေးကိုဖိချေရင်း သူ့ရင်ထဲ မွန်းကြပ်လာသလို။ အားအားယားယား လာလုတိုင်းပေးရအောင်လည်း သူဟာ စေတနာတွေရေစီးကမ်းပြိုလိုက်နေတဲ့ကောင်မဟုတ်သလို၊ ထယ်ယောင်းကလည်း သက်မဲ့လေးမှမဟုတ်တာ။ သူနမ်းတိုင်းငြိမ်ခံပြီး၊ သူ့အနမ်းတွေကို ပြန်တုံ့ပြန်တတ်တဲ့ သက်ရှိအကြင်နာလေး။

"မင်း .. ငါ့ကိုသ၀န်မတိုဘူးလား"

မကျေနပ်သလို သူ့ပခုံးသားတွေကို ငုံခဲတယ်။ ဖမ်းချုပ်ဆုပ်ကိုင်ပြီး ပါးပြင်တွေကို နစ်၀င်အောင်နမ်းရှိုက်ပစ်တော့ အထိမခံနိုင်တဲ့ပန်းပွင့်ငယ်လေးလို တအီအီအသံပြုပြီး သူ့ရင်ခွင်ထဲ ပြိုလဲအိစင်းကျလာတယ်။

"ချစ်ရတာ ရူးမလိုပဲ ဘေဘီ။ သ၀န်မတိုတာမဟုတ်ဘဲ မင်းကိုယုံတာ။ မင်းက သေချာပေါက် ငါ့ကိုပဲရွေးမှာ ဟုတ်တယ်မလား"

"ထင်တာလား .."

"ရော် .. မင်းကိုယုံပါတယ်ဆို"

အပြုံးငွေ့ငွေ့လွင့်တဲ့နှုတ်ခမ်းလေးက ရယ်မြူးခြင်းတွေကိုပေးစွမ်းတယ်။ ရင်ထဲတိုး၀င်ကပ်ချွဲခိုက် သူဟာအနာဂတ်တွေအထိ ထယ်ယောင်းကိုသယ်သွားချင်လာသလို။ မနက်ဖြန်တွေရှိသ၍ ထယ်ယောင်းကိုချစ်မယ်။ ထယ်ယောင်းအပေါ် အရာအားလုံးကိုပုံအပ်ထားတယ်။

"အင်း .. ငါ့ကိုယုံ။ ငါကသေချာပေါက် မင်းကိုရွေးမှာ"

မစသေးဘဲ အဆုံးသတ်သွားရမဲ့ ဂျောင်ဟွန်းရဲ့ဇာတ်လမ်းအတွက်တော့ သူသိပ်စိတ်မကောင်း။ ဒါပေမဲ့ ပြိုင်ပွဲဆိုတာ ဒီလိုခပ်ညစ်ညစ်ပြိုင်ရမှာမဟုတ်ပါလား။ ထယ်ယောင်းက သေချာပေါက် စိတ်ယိုင်မဲ့သူမဟုတ်ဘူးဆိုသော်ငြား သူ့ကောင်လေးကို အခြားတစ်ယောက်ပိုးပန်းနေခြင်းအပေါ် သူဘယ်လိုနားလည်ပေးနိုင်မှာလဲ။

Homeless And Warm (Complete)Where stories live. Discover now