(21)

7.3K 301 30
                                    

ကားလေးထဲက လေထုတွေကငြိမ်သက်နေဆဲပင်....အသွားတုန်းကလိုစနောက်သံတွေနဲ့ရယ်သံတွေဟာ ခုတော့တိတ်ဆိတ်လို့နေဆဲ
ကားရှေ့ခန်းမှာ ထိုင်နေတဲ့မျက်မှန်နဲ့ကောင်လေးဟာ.. လက်ထဲကဖုန်းကိုဆုပ်ကိုင်ထားပြီးတစ်ခုခုကိုတွေဝေနေဟန်ပေါ်သည်..

ဘေးနားမှာကားမောင်းနေတဲ့ ဝဏတစ်ယောက် သူ့ဘေးမှာ မျက်မှောင်ကြီးကြုတ်ကာထိုင်နေသော ငမှန်ကိုတစ်ချက်တစ်ချက်
အရိပ်အကဲကြည့်မိသည်..

ဝဏသာမက နောက်ခန်းမှာထိုင်နေသော စိုင်းကလည်း ရှေ့ခန်းက ငမှန်ကိုမသိမသာ ချောင်းကြည့်ခဲ့သည်..

ခုအခြေအနေက မာန်ထိုက်ဘက်က လွန်တယ်ဆိုတာ သူတို့နှစ်ယောက်လုံးသိပါသည်
တစ်ခါမှ သူငယ်ချင်းတွေအပေါ် လက်သီးနဲ့မရွယ်ဖူးတဲ့ငမှန်ဟာ မာန်ထိုက်အပေါ် ဒီနေ့ထိုးခဲ့မိသည်..

ငြိမ်သက်နေတဲ့ ငမှန်ဟာ ခုမှ တစ်ခုခုကို ဆုံးဖြတ်လို့ရသွားဟန် လက်ထဲက ဖုန်းလေးကိုဖွင့်ကာ နံပါတ်တစ်ခုကို ခေါ်ဖို့ကြိုးစားနေခဲ့သည်

သူတို့နှစ်ယောက်လုံး ငမှန်လုပ်သမျှကို ဘာမှဝင်မပြောဘဲအရိပ်အကဲသာကြည့်နေခဲ့သည်

တစ်ဖက်က ဖုန်းကိုင်လာဟန် ခပ်ကွဲကွဲအသံတစ်ခုဟာတုန့်ပြန်လာသည်..

ဟယ်လို **

*ကျွန်တော်ပြောတာပဲ နားထောင်ပေး..တစ်ခွန်းမှပြန်မမေးနဲ့*

သူတို့သူငယ်ချင်း ပြောနေတာတွေကိုစိုင်းနဲ့
ဝဏ ဘာမှမသိစွာဘေးက နားထောင်နေခဲ့သည်

*ခများချစ်သူ ခုတိုက်ကြီးဘက်ကခြံတစ်ခြံမှာ ကျွန်တော်လိပ်စာပို့လိုက်မယ်...
ခုလိုက်သွားရင်မှီနိုင်တယ်*

*မင်းဘယ်သူ*

တီ...တီ..တီ..

တစ်ဖက်စကားကိုဆုံးအောင်နားမထောင်တော့ဘဲ ငမှန်တစ်ယောက်ဖုန်းချလိုက်လေသည်...

ဝဏက မနေနိုင်တော့ဘဲ ငမှန်ကိုပြောမိသည်..

*ငမှန်..မင်းတကယ်အဲ့လိုလုပ်ဖို့လိုလို့လား*

*ငါအပြစ်မရှိတဲ့လူကို ဒုက္ခ တွင်းထဲမှာမထားခဲ့နိုင်ဘူး*

ကားနောက်ခန်းက စိုင်းကလည်း ခုမှစကားစပြောလာသည်

Crazy love (Complete) Where stories live. Discover now