အပိုင်း (၁)

140 12 4
                                    

Unicode ver....

အပိုင်း(၁)

~~~ကိုကိုကတော့ စိတ်ဆန္ဒအရ စီးမျောလိုက်တာပဲ။ ထိုအသေးအမွှားလေးက ကျွန်တော့်နှလုံးသားကိုပါ ခလုတ်တိုက်သွားတာ ကိုကို မသိပါဘူး။~~~

~~~~~

လှပတဲ့ အတိတ်နေ့ရက်တစ်ခုမှာ~~~~

"ကိုကို! ရေ ကိုကို! သားလာတယ်"

အကောင်းစား ကားတစ်စီး တိုက်အိမ် အကြီးကြီးတစ်ခုရဲ့ ဆင်ဝင်အောက် ထိုးရပ်ပြီ ဆိုတာနဲ့ ခလေးငယ်လေးတစ်ယောက်က
ကားထဲ ပြေးထွက်လာပြီး အိမ်ကြီးထဲ ပြေးဝင်ရင်း နှုတ်ကနေလည်း"ကိုကို"ဆိုပြီး တစာစာအော်နေခဲ့လေသည်။

ထိုခဏ မှာတင် အိမ်ထဲက လူကြီးလူကောင်းပုံစံ လင်မယား နှစ်ယောက်က ထိုကလေးငယ်ကို ​ဦးကြို ပွေ့ချီပြီး ခလေးငယ်ရဲ့ ပါးဖောင်းကို နမ်းပြီး တစ်ခုခု ပြောနေခဲ့ပုံရသည်။

ထိုသို့မှ ခလေးငယ်က ပါးဖောင်းလေး တုန်တက်သွားအောင် ခေါင်းလေး ညိတ်ပြပြီး ထိုလူကြီး သူ့ကို ချပေးပြီးတာနဲ့ ခလေးငယ်က အိမ်နောက်​ဖေးဆီ တဟုန်ထိုး ပြေးလေတော့သည်။

"သား ရှိုင်း ဖြေးဖြေးပြေးခလေး ချော်လှဲနေမယ်!"

နောက်ကပြောသံကို လျစ်လျူရှူ့လို့ ခလေးငယ်ဟာ သူ့လိုရာ ခရီးကိုသာ ဂရုစိုက်လေသည်။

ထိုကလေးနာမည်က ရှိုင်းလုပ်ငန်းစုရဲ့ တစ်ဦးတည်းသော သားလေး ရှိုင်းရဲမာန် ပင် ဖြစ်သည်။

ရဲမာန်လေးက သိပ်ဆိုးတယ်။
ဒါပေမဲ့ ရဲမာန်လေးမှာ သိပ်ချစ်ရတဲ့ ကိုကိုတစ်ယောက်ရှိတယ်။ ဘယ်သူ့စကားကိုမှ နားမထောင်တဲ့ ရဲမာန်လေးက ကိုကို့စကားကိုဆို မြေဝယ်မကျ နားထောင်တဲ့ ခလေးလေးဖြစ်တယ်။

"ကိုကိုရယ် ကိုကို! ကိုကိုရယ်!"

နှောင်းဇေယမောင် တစ်ယောက် အိမ်နောက်ဖေးမှာ စာထိုင်ဖတ်နေတုန်း သူ့ဆီ လုံးနေအောင် ပြေးဝင်လာတဲ့ ခလေးငယ်ကြောင့် သူဖတ်နေတဲ့ စာအုပ်ကို ချပြီး ထရပ်ကာ ခလေးငယ်လေးကို စောင့်ကြိုပွေ့ချီ လိုက်လေသည်။

"အိုက်ယိုး ကိုယ့်ရဲ့ ဝက်ပေါက်လေးက လေးလာလိုက်တာ"

သူ့ကိုယ်ပေါ် ဖားပျံလေးလို ခုန်တက်လာတဲ့ ခလေးကို ဖမ်းဆီးပွေ့ဖက်ရင်း နှောင်းက ပြုံးစစနဲ့ဆိုတော့ ခလေးငယ်က စူပုတ်ပုတ်ကလေး လုပ်ပြီး~~~

Innocence Villain (Oc Characters)Where stories live. Discover now